3

623 69 4
                                    

ဂျွန်း....

ဂျောင်ဂု အပြန်လမ်းတစ်လျှောက်လုံး စိတ်မကြည်တော့ ။

ဆယ်နာလည်း နေရထိုင်ရခက်လာသည်။ အပြန်လမ်းတစ်လျှောက် ဘာစကားမှမပြောတော့..

" ဂျောင်လေး... "

" ဟမ်? "

ဂျောင်ဂု အိမ်မက်မှ နိုးထလာသူ တစ်ယောက်လို ဆယ်နာ့ကို လှမ်းကြည့်လိုက်သည်။

" ဘာဖြစ်လို့လဲ အစ်မ... "

" နင် တစ်ခုခုဖြစ်နေတယ် ဂျောင်ဂု.. ခုနကတည်းက
ဘာမှမဖြစ်ဘူး လို့သာပြောနေတာ နင်မျက်နှာ အလိုမကျဖြစ်နေတာ ငါ သိတယ် "

ဂျောင်ဂု မျက်မှောင်ကြုံ့လိုက်သည်။ နေဝင်ဆည်းဆာလှပ တာတွေ ဘာတွေ သူခံစားလို့မရတော့...

" အစ်မ ဘာမှမသိပါဘူး ကျွန်တော် ဘာမှမဖြစ်ဘူး "

" မင်း ရည်းစား တို့ကို တွေ့သွားလို့လား .... "

ဂျောင်ဂု မျက်နှာနီရဲလာသည်။

" တော်တော့ အစ်မ .. ဒီနေ့ တစ်နေ့ ကူညီပေးဆိုလို့.. ကျွန်တော် ကူညီပေးပြီးပြီလေ... "

ဆယ်နာ က ဂျောင်ဂု ရဲ့ အစ်မ နှစ်ဝမ်းကွဲတော်သည်။ ဆယ်နာသည် ဒီနေ့ ဂျောင်ဂုကို အကူအညီတောင်းခဲ့သည်။ သူ့ ရည်းစားဟောင်း ရဲ့ မင်္ဂလာဆောင်ကို အတူသွားဖို့...
သူ့ရည်းစားဟောင်းရဲ့ သတို့သမီးသည် အရင်က ဂျောင်ဂုကို အသည်းအသန်လိုက်ခဲ့ဖူးသည်။
ဆယ်နာ နဲ့ ဂျောင်ဂု မောင်နှမ မှန်းလည်း မသိကြ..

ဤအချက်နှင့် သူ့အပေါ် သစ္စာဖောက်သွားသော ကောင်ရဲ့ မျက်နှာ ပျက်ယွင်းသွားပုံကို ခပ်မဲ့မဲ့ ထိုင်ကြည့်ခဲ့သည်။
ဂျောင်ဂု၏ လက်ကို တွဲကာ မျက်နှာလေး ပြုံးဝင့်ရင်း လက်ခုပ်တီးပေးခဲ့သည်။

" ဒါနဲ့ မင်း နဲ့ ခင်တဲ့ နမ်ဂျွန်းဆိုတဲ့ ကောင်လေးရော "

" မသိပါဘူး "

ဆယ်နာက ရယ်သည်။ ရယ်သံသည်ဂျောင်ဂု နားထဲ ကန့်လန့်ဝင်သွားသည်။

" အဲ့ကောင်လေးနဲ့ ငါနဲ့ ခင်ရင် ဒီနေ့ သူ့ကိုခေါ်သွားမှာ.. တစ်ကမ္ဘာလုံးမှာ ယောကျာ်းဆိုလို့ သူတစ်ယောက်တည်းရှိတဲ့ပုံဖမ်းနေတဲ့ ကောင်စုတ် တွေးရင်း ဒေါသထွက်တယ်...ကျေးဇူးပဲ ဂျောင်လေး မင်းရဲ့ချစ်သူ တွေ့သွားတာဆိုရင် တို့လိုက်တောင်းပန်ပေးမယ်... "

သနားသောအားဖြင့်Where stories live. Discover now