နေရာတိုင်းမှာ မီးရောင်တွေ တောက်ပြောင်နေတဲ့ ခန်းမ တစ်ခုမှာ သူရောက်နေသည်။ ဒီခန်းမထဲ ရောက်ရှိနေတဲ့
နာမည်ကြီး မင်းသမီးအချို့ကြောင့် ကင်မရာမီးရောင်လည်း တဖျတ်ဖျတ်လက်လို့...သူက အလယ်မကျ ထောင့်မကျ စားပွဲဝိုင်းတစ်ခုမှာပေါ့...
ဂျွန်းက သူ့ဘေးနားမှာ ခပ်တည်တည်နဲ့ ဖုန်းသုံးနေသည်။ သူက စကားပြောစရာလူမရှိ.. ပတ်ဝန်းကျင်ကိုသာ လေ့လာနေသည်။
တကယ်တော့ သူတို့နှစ်ယောက်ရဲ့ သူငယ်ချင်း ဂျောင်ဟိုဆော့ရဲ့ အစ်မ မင်္ဂလာဆောင်မှာ...
ဆော့ဂျင်က အခမ်းအနားမှူး ၊ မင်ယွန်းဂီက အိပ်ရာထနောက်ကျ၍ ' လမ်းမှာ ' ဟု ဖုန်းဆက်သည်။
ဂျီမင်း နဲ့ ထယ်ဟျောင်း က သတို့သားအရံနေရာမှာ ..
ဟိုဆော့က သူ့ယောက်ဖနဲ့ ဧည့်သည်တွေကို ဧည့်ခံနေသည်။ဂျွန်းကို snap ရိုက်ရန်သာ အသင့်ပြင်ထားသည်။ သူကပဲ ဓာတ်ပုံရိုက်တာ ရူ့ထောင့်ယူတာ တော်သည်ဟု ဆိုရမလား... သူ ရိုက်ပေးတဲ့ဓာတ်ပုံ တချို့ကို ဂျွန်းက Profile ထားလေ့ရှိသည်။
မသိမသာ ကြည်နူးစရာတစ်မျိုးပေါ့နော်...
" ဒီမှာ ဒီမှာ.... "
ခပ်စူးစူး ခေါ်သံကြောင့် ဂျောင်ဂုရော သူပါ မော့ကြည့်လိုက်သည်။ အဖြူရောင် ဂါဝန်ကားကား နဲ့ ကောင်မလေးတစ်ယောက် .. အနက်ရောင် ဆံပင်ရှည်ကို ကျောလယ်တွင် အနည်းငယ်ခွေလိမ်ထားသည်။ သဘာဝကျကျ မိတ်ကပ်ပြင်ထားပြီး နှင်းဆီပန်း အဖြူရောင် ကိုလည်း နားရွက်ပေါ်မှာ ထိုးထားသေးသည်။
" ဘယ်သူလဲ... "
" အစ်ကိုကြီး ပုခုံး သက်သာသွားပြီလားဟင်... "
" အော်...ဟိုချာတိတ်မ "
ဂျောင်ဂုက သူကို ခပ်မှေးမှေးကြည့်ရင်း ရေရွတ်လိုက်သည်။ သူ မှတ်မိသွားသည်။ ပန်းအိုးကောင်မလေး...
" အစ်ကိုကြီး ရော ညီမကို မှတ်မိလား "
" အင်း... "
နမ်ဂျွန်း ခေါင်းငြိမ့်ရင်း ဖြေလိုက်သည်။ ဂျောင်ဂုကြောင့်သာ မှတ်မိသွားသည်။ ဂျောင်ဂု မျက်နှာအမူအယာနဲ့တင် ဒီကောင်မလေးက ဘယ်သူလဲ ဆိုတာ ခန့်မှန်းလို့ရသွားသည်။
YOU ARE READING
သနားသောအားဖြင့်
Fanfictionသနားတဲ့အနေနဲ့ အချစ်အနည်းငယ်စွန့်ကြဲမယ်ဆိုရင်တောင် ငါ ပျော်နေမှာပါ JungKookရယ်.. Namjoon X Jungkook OTP >>>> Namkook Myanmar sub written by SuLoonSat