10

472 46 8
                                    

" အရမ်း လွမ်းနေတာ ဂျွန်း....  "

အနည်းငယ် ကြွက်သားများနှင့် တောင့်တင်းလာသော ခန္ဓာကိုယ်မှ လွဲ ပြောင်းလဲခြင်း မရှိတဲ့ ဂျွန်းက သူ့ရင်ခွင်ထဲ နစ်မြှုပ်နေသည်။

ခဏကြာတော့  ခါးမှ သူ့လက်ကို ဖယ်ချလိုက်ပြီး လှည့်ထွက်ရန်ပြင်သည်။ နမ်ဂျွန်း ဂျောင်ဂု လက်ကို လှမ်းဆွဲလိုက်ပြီး ပုခုံးကိုဖိကာ တစ်ဖက် ရေကန်ဘောင်ထဲ ကပ်ထားလိုက်သည်။

" ဂျွန်း..... "

" ကျွန်တော် မအားဘူး... "

မျက်လုံးစိမ်းများနှင့် သူ့ကို လှမ်းကြည့်သည်။ အနှီနတ်သားလေးသည် ဖြူစင်ပါလျက်နှင့် အသွင်ပြောင်းချင်နေသည်။

" လိမ်နေတာ...  မင်း ဒီနေ့ schedule ကိုယ် အကုန်သိတယ်... "

" ကျွန်တော့်မှာ တွေ့စရာလူရှိတယ်.... "

" ဘယ်သူလဲ... "

" အစ်ကို နဲ့ ဘာဆိုင်လဲ.. "

နမ်ဂျွန်း သူ့ကို မျက်မှောင်ကြုံ့ကာ တစ်ချက်ကြည့်သည်။
ဒီကောင်လေး စိတ်ဆိုးနေတာလား...
သက်ပြင်း တစ်ချက်ချ ကာ ဂျောင်ဂု ပုခုံးပေါ်မှ လက်ကို လွှတ်လိုက်သည်။

ထို့နောက် ခါးကို အနည်းငယ်ကိုင်းကာ ဂျောင်ဂု နဖူးပေါ် နှုတ်ခမ်း ဖိကပ်လိုက်သည်။ ခဏအကြာ
ကျောက်ရုပ်လို တောင့်တင်းသွားပြီး သူ့ကို မျက်လုံးဝိုင်းများ နဲ့ ငေးကြည့်နေသော ဂျွန်းကို မြင်လိုက်ရသည်။

ဒါမှ ဂျွန်းအစစ်....

" လေဆိပ်မှာ မင်း နမ်းသွားတဲ့ လူတစ်ယောက်ကို
မင်းက အခု မင်းနဲ့ ဘာဆိုင်လဲ မေးနေတာလား ... ဂျွန်း... "

မျက်နှာ တစ်ခုလုံး ရဲတက်လာကာ ... မျက်နှာလွှဲထားသည်။ နမ်ဂျွန်း ပြုံးလိုက်သည်။
ဂျွန်းဂျောင်ဂု သည် လူဆိုး မျက်နှာဖုံး နဲ့ သူ့ကို စည်းခြားချင်နေသည်။ နမ်ဂျွန်းသည် ၃နှစ်တိုင်တိုင် အရိပ်တကြည့်ကြည့်နေလာခဲ့တာ... ဂျောင်ဂု မျက်နှာ ကိုကြည့်၍ ဘာဖြစ်နေလဲ ပြောနိုင်သည်။

" ပြော.... ကိုယ်က မင်းနဲ့ ဘာဆိုင်လဲ... ဘယ်လိုပတ်သက်နေတယ် လို့ မင်းပြောချင်လဲ.."

သနားသောအားဖြင့်Where stories live. Discover now