#Zawgyi
"Omm ငါတော့ ယုံပါတယ်...."
"ဘာလို့ ယုံတာလည်း....."
"ဒီတိုင်း.. ........"
'တကယ်နော်.. ...'
"Omm....."
#TBC
#unicode
"ကောင်းကင်ဘုံက တစ်ကယ်ရှိတယ်ဆိုတာ နင် ယုံလား....."
ပါးဖောင်းဖောင်းလေးနဲ့ ကလေးမလေးမှာ ပြေးလွှားကစားရတာ မောလို့ မြက်ခင်းပေါ် လှဲအိပ်နေချိန် သူ့ဘေးနားရောက်လာကာ သူနဲ့အတူ လှဲအိပ်ရင်း မေးလိုက်တဲ့ သူ့သူငယ်ချင်း စကားကြောင့် အထူးအဆန်း ဖြစ်သွားလေသည်
"Omm ငါတော့ ယုံပါတယ်...."
"ဘာလို့ ယုံတာလည်း....."
"ဒီတိုင်း.. ........"
"Humm......Omarကို သတိရလိုက်တာ....."
သူ့သူငယ်ချင်းဆီက သက်ပြင်းချသံကြားရသောကြောင့်
"Lisa ah....အန်တီက ကောင်းရာမွန်ရာ ရောက်နေမှာပါ...."Lisa လက်ကို ကိုင်ရင်း ပါးဖောင်းဖောင်းလေးနဲ့ ကလေးက နှစ်သိမ့်ပေးလိုက်သည်
Lisaလည်း လှဲအိပ်ရာမှ ထပြီး ဆုံးသွားတဲ့ သူ့အမေကို သတိရလို့ ထင်ပါရဲ့ မျက်ရည်တွေကျလာသည်
"Chaeyoung ah နင်လည်း ငါ့ကို ထားပြီး ထွက်သွားမှာ မဟုတ်လား...."
Chaeyoungဆိုတဲ့ ကလေးမလေးမှာ Lisaရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း ခေါင်းညိတ်ပြလိုက်သည်
Lisaနဲ့ Chaeyoungဆိုသည်မှာ ကစားဖော်ကစားဖက် အိမ်နီးချင်းသူငယ်ချင်းတွေပင် ဖြစ်သည်.....ယခု Chaeyoungမှာ သူ့မိဘတွေနဲ့အတူ နိုင်ငံခြားကို ပြောင်းရတော့မည့်အကြောင်း Lisa အဖေဆီက Lisa ကြားခဲ့ရသည်
"Chae.. ..နင်က ငါ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းပါ...."
"Omarကိုလည်း ဆုံးရှုံးခဲ့ရပြီ နင့်ကို ငါ.....အဆုံးရှုံး မခံနိုင်ဘူး.. ....နင်ကတော့ နိုင်ငံခြားမှာ သူငယ်ချင်းအသစ်တွေနဲ့တွေ့ပြီး ငါ့ကို မေ့သွားမှာပါ....."
'ငါ မမေ့ဘူးလို့ ကတိပေးပါတယ်....နင့်ကို အမြဲ သတိရနေမှာ Lisa....."
'တကယ်နော်.. ...'
"Omm....."
Chalisaတို့ ကံကြမ္မာကြောင့် ဝေးသွားကြပေမယ့် ပြန်တွေ့ကြတဲ့အခါ Lisaက Chaeyoungကို မှတ်မိပါအုံးမလား....ဒါမှမဟုတ် သူ့ကို တစ်ယောက်တည်းထားသွားလို့ စိတ်ဆိုးပြီး မသိချင်ယောင်ဆောင်နေမလားဆိုတာ.....
#TBC