Final (Z+U)

2.3K 187 4
                                    

Chaeyoungမှာ Lisaနဲ့ အတူ​နေပြီး​နောက်​ Lisaကို မျက်​နှာချင်းဆိုင်​ မ​တွေ့ရဲ​ပေ.....

Lisaကို မြင်​တာနဲ့ ရှက်​ပြီး ​ရှောင်​​ပြေး​နေ၏

တစ်​​နေ့​တော့ ​ကျောင်းကန်​တင်းတွင်​ Chaeyoung တစ်​​ယောက်​ ​နေ့လည်​စာ စား​နေချိန်​Lisa ရုတ်​တရက်​ ​ရောက်​လာသည်

"Hey Chae....."

Chaeyoung ​မော့ကြည့်​​တော့ သူ့ကို ပြုံးပြုံးကြီး ကြည့်​​နေတဲ့ Lisaကို ​တွေ့ရ​လေသည်

"အာ....Hi...."

Chaeyoung ပတ်​၀န်းကျင်​ကို တစ်​ချက်​ခိုးကြည့်​​တော့ Jennie တို့ အပါအ၀င်​ အားလုံးမှာ သူတို့နှစ်​​ယောက်​ကို အာရုံစိုက်​ကြည့်​​နေတာကို ​တွေ့ရ​လေသည်

"ထပ်​ပြီး ငါ့​တွေ့ရင်​ ​ရှောင်​​မ​ပြေး​တော့ပါဘူး​နော်​....."

"ငါ ဘယ်​မှာ ​ရှောင်​​ပြေးလို့လည်း "

"​ရှောင်​မ​ပြေးဘူးဆိုလည်း ပြီးတာဘဲ ပြွတ်​စ်​....."

Lisa ​ပြောရင်း Chaeyoung နှုတ်​ခမ်းကို ရုတ်​တရက်​နမ်းလိုက်​​သော​ကြောင့်​ ကန်​တင်းတစ်​ခုလုံး ဆူညံသွားကြသည်

"ငါ အစကတည်းက ​ပြောပါတယ်​ Chaeyoung yah...."

Jennie တို့မှာ Chaeyoungကို လှမ်းစ​နေကြသည်

"အခု မင်းက ငါ့အပိုင်​ ဖြစ်​သွားပြီဆိုတာ သိတယ်​ဟုတ်​....."

"ငါက နင့်​အပိုင်​ ဟုတ်​လား.. .."
Chaeyoung မျက်​ခုံးပင့်​ပြပြီး ​မေးလိုက်​သည်

"ဟုတ်​တယ်​​ ဒါ​ကြောင့်​ ထပ်​ပြီး ထွက်​​ပြေးဖို့ မကြိုးစားနဲ့...."

"....."

'Come on .....လူရှင်းတဲ့ ​ကော်​ဖီဆိုင်​ သွားထိုင်​ရ​အောင်​ "

Chaeyoungရဲ့ လက်​ကိုဆွဲပြီး ​ကျောင်းထဲက​နေ Lisa ထွက်​လာ​လေသည်

သို့​သော်​လည်း Lisa ​ကော်​ဖီဆိုင်​ကို မသွားဘဲ ဟန်​မြစ်​ဘက်​သာ သွား​​နေသည်

ဟန်​မြစ်​​ဘေးတွင်​ နှစ်​​ယောက်​သား ထိုင်​ပြီး တိတ်​ဆိတ်​​နေကြ၏

"Chaeyoung.. .နင်​သိလား နင့်​နှုတ်​ခမ်း​လေးက​လေ အရမ်းကို ချိုလိုက်​တာ .....နင်​သိလား နင်​က ငါ့မနက်​ခင်းအတွက်​ မရှိမဖြစ်​ ​ကော်​ဖီ​လေး....နင်​သိလား နင်​က အုံ့မှိုင်း​နေတဲ့ ငါ့ကမ္ဘာအတွက်​ ​နေ​ရောင်​ခြည်​​လေး....ငါ့ဘ၀ကြီးက ရုပ်​ရှင်​ဆိုရင်​​တော့ နင်​ပါတဲ့ အပိုင်းက အ​ကောင်းဆုံးဘဲ.. ..."

First LoveWhere stories live. Discover now