Part-1 Z+U

1.9K 206 13
                                    

#Zawgyi

Koreaက​နေ မိသားစုနဲ့အတူ ထွက်​လာတာ ရှစ်​နှစ်​​ကျော်​ ကြာခဲ့ပြီး Chaeyoungမှာလည်း အရွယ်​​ရောက်​လာပြီး မိန်းမ​ချော​လေး တစ်​​ယောက်​ ဖြစ်​လာသည်

နိုင်​ငံခြားမှာ ​နေခဲ့​သော်​လည်း Lisaကို တစ်​​ယောက်​တည်း ထားခဲ့ရလို့ သူ့ကိုယ်​သူ အပြစ်​ရှိသလို Chaeyoung အမြဲ ခံစားခဲ့ရသည်

Lisa အ​ကြောက်​ဆုံး အရာကို လုပ်​ခဲ့လို့ Chaeyoung သူ့ကိုယ်​သူ အပြစ်​ရှိသလို အမြဲ ခံစား​နေရသည်

အခု အသက်​ ၁၆နှစ်​ အရွယ်​မှာ​တော့ Chaeyoung ကိုရီးယားကို ပြန်​လာခွင့်​ရခဲ့သည်​.....

"Omar မကြာခင်​ လိုက်​လာခဲ့မယ်​​နော်​ ဟိုမှာ ​ကောင်း​ကောင်းမွန်​မွန်​​နေ​နော်​ သမီး​လေး chaeng....."
Mrs.Park သူ့သမီးရဲ့ နဖူးကို နမ်းပြီး ​ပြောလိုက်သည်

သူမအ​မေ ကိုရီးယားကို ပြန်​မလိုက်​လာဘူး​ဆိုတာ Chaeyoungသိ​သော်​လည်း ဒီတိုင်းပင်​ သူ့အ​မေကို နှုတ်​ဆက်​ကာ ​လေယာဉ်​​ပေါ်သို့ တက်​ခဲ့သည်

လေယာဉ်​ အ​ချိန်​ကြာ စီး​ပြီး​နောက်​ Koreaသို့ Chaeyoung ပြန်​​ရောက်​လာသည်

ပြောင်းလဲသွားတဲ့ ​နေရာ​တွေကို Chaeyoung ​တက္ကစီ​ပေါ်က ​ငေးကြည့်​လာရင်း သူ့အိမ်​သို့ ​ရောက်​လာသည်

အိမ်​ထဲလည်း ၀င်​လိုက်​​ရော ပင့်​ကူအိမ်​​တွေကို Chaeyoung လက်​နဲ့ဖယ်​လိုက်​ပြီး
"လွမ်းလိုက်​တာ.. ......"

Chaeyoung သူ့အခန်းထဲသို့ ၀င်​လိုက်​ချိန်​ စားပွဲခုံ​ပေါ်က ဖုန်​​တွေ​ပေ​နေတဲ့ ဓာတ်​ပုံ​ဘောင်​​လေးကို လှမ်းယူလိုက်​သည်

ဓာ​တ်​ပုံ​ပေါ်က ဖုန်​​တွေကို မှုတ်​လိုက်​ပြီး ပုံ​လေးကို ​သေချာကြည့်​လိုက်​သည်

"Lalisa......."

Chaeyoung ပုံ​လေးကို ​ငေးကြည့်​ရင်း အေ​တွး​တွေက ငယ်​ဘ၀သို့ ပြန်​​ရောက်​သွား​လေသည်

ထိုစဉ်​ ရုတ်​တရက်​ ၀င်​လာတဲ့ ဖုန်းသံ​ကြောင့်​ Chaeyoung လန့်​သွားသည်

"Hello...."

"Hey Chaeyoung...... နင်​ ပြန်​ရောက်​လာပြီလား......"

First LoveWhere stories live. Discover now