#Zawgyi
Chaeyoungနဲ့ Lisa တို့ တဖြည်းဖြည်းနဲ့ ရင်းနှီးလာကြသည်
သူတို့ကို သတိထားမိတဲ့ Jennieတို့ကလည်း Chaeyoungကို တွေ့လျှင် အမြဲ စနောက်တတ်ကြသည်
"Chae.....နင်နဲ့ Lisaက ဘာတွေလား တွဲနေကြပြီလား....."
Jennie သစ်ကြားစေ့ကို ခွာရင်း မေးလိုက်သည်
"မတွဲပါဘူးဟ ငါတို့က ဒီတိုင်းဘဲ သူငယ်ချင်းပါ......"
"သူငယ်ချင်းလေးပါတဲ့ သူငယ်ချင်းလေးဘဲတဲ့ကွယ် ဒီလို အကြိမ်ကြိမ် အခါခါ ပြောပါတယ်......"
Jisoo ပြောင်ချော်ချော်လုပ်ပြီး သီချင်းဆိုလိုက်သည်
"မဟုတ်တာ အဲ့လိုမျိုး ဘယ်တော့မှ ဖြစ်လာမှ မဟုတ် ငါ ပြောချင်တာက ငါတို့က ဒီတိုင်း သူငယ်ချင်းတွေပါ ငါ ကျိန်ရဲတယ်......"
"Sweet chaeng......အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာရင် ငါပြောသလိုဖြစ်လာမှာပါ......"
Jennie ရယ်ပြီး ပြောလိုက်သည်"ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူးလို့ ငါ နင်တို့ကို ပြောပြီးပြီလေ....."
Chaeyoung ပြောပြီး အိမ်ထဲကနေ ထွက်လာလိုက်သည်
ရပ်ကွက်ထဲက ပန်းခြံထဲမှာ ထိုင်နေရင်း ရင်းနှီးတဲ့ ရေမွှေးနံ့ကို ရတော့ Chaeyoung ပြုံးမိသွားသည်
"Chae.. ..."
"Oh hey...."
Lisa အသံကြားတော့ Chaeyoung ရှက်သလို ခံစားနေရသည်
"ဒီနေ့ညလေ......Jeong ကြီးရဲ့ ပါတီကို လာမှာလား......"
Lisaမေးတော့ Chaeyoung ခေါင်းခါပြသည်
"Come on......"
Lisa puppy eyeလေးနဲ့ ပြောတော့ Chaeyoung မနေနိုင်တော့ပေ"ဘာလို့လည်း...."
"ပျော်ဖို့ကောင်းလို့ပေါ့ဟ အာ ပြီးတော့ နင့်သူငယ်ချင်းတွေကိုပါ ခေါ်လာခဲ့လို့ရလား......"
Lisa စကားကြောင့် Chaeyoung မျက်နှာက အပြုံးတွေ ပျောက်ကွယ်သွားသည်