Prologue-

4.8K 271 12
                                    

"ဂျွန် မြောင် ! ! ! "

အဟက်! .

အနောက်ဘက်ကနေ ခပ်စူးစူးထွက်လာသော အသံက ဂျွန်မြောင့် နှုတ်ခမ်းတွေကို တွန့်ကွေးသွားစေပြီးနောက်အသံ ထွက်ရယ်မိတဲ့အထိကိုဝမ်းမြောက်သွားစေသည်။

သိနေသားပဲသူလိုက်လာလိမ့်မယ်ဆိုတာ။

" အဲ့ဒီအိတ်ကို ပြန်ယူသွား ငါတို့ကိုကားမှာပဲသွားစောင့်တော့ "

ရှေ့မှာရပ်နေတဲ့ လူနှစ်ယောက်ဆီ မသိမသာ အမိန့်ပေးကာ သူ့ဆီအပြေးလာနေတဲ့ ရီရှင်းဆီလှည့်ရန်အပြုံးတစ်ခု ဖြစ်ထွန်းစေလိုက်သည် ။
အမိန့်ပေးခံရတဲ့လူနှစ်ဦးကတော့ဂျွန်မြောင်ယူလာသော အိတ်ကို ဆွဲကာ ထွက်သွားချေပြီ။

" မင်း ဘာလာလုပ်တာလဲ ရီ.. အင့် "

လူလယ်ကောင်မှာ ရုတ်တရက်ဆိုသလို ဂျွန်မြောင့်ကိုယ်လူံးကရီရှင်းဆိုသောလူရဲ့ ရင်ခွင်ဆီ ပစ်ဝင်သွားခဲ့သည် ။သူစကား ဆက်ခွင့် မရလောက်အောင်ကို ရီရှင်းက တင်းကျပ်စွာပွေ့ဖက်ထားပြီးနောက်..

" ဘာလို့ ထွက်သွားဖို့လုပ်တာလဲ..ဟမ်.. ငါ့ကြောင့် ဆိုရင် မင်းထွက်သွားဖို့ မလိုဘူးလေဂျွန်..ငါကသာ ထွက်သွားရမှာ..သိလား "

ဂျွန်မြောင့် ခါးကို အတင်းအတင်း တိုးဖက်ရင်းးဂျွန်မြောင့်လည်ပင်းဆီအတင်း မျက်နှာနှစ်ဝင်ရင်းတတွတ်တွတ်ပြောနေသော ရီရှင်းကို..ဂျွန်မြောင် နားလည်စွာပဲငြိမ်သက်ပေးနေလိုက်သည်။

" မသွားပါနဲ့ "

" မင်းမရှိရင် မဖြစ်ဘူးဆိုတာသိပေမယ့် မင်းငါ့ကို မမြင်ချင်ဘူးဆိုရင်ငါမင်းနဲ့ အဝေးမှာ နေပေးပါ့မယ် "

ရီရှင်း မျက်ရည်စတွေက ဂျွန်မြောင့်ပခုံးမှာစိုစွတ်ကုန်သည်။ရီရှင်းငိုလေသူလဲငိုချင်လေ ဖြစ်လာတာမို့..နောက်ဆုံးရီရှင်း အငိုတိတ်စေရန်..သူ့လက်တွေကို ရီရှင်းကျောပြင်ဆီပြန်ပွတ်သပ်ပေးနေမိသည်။ ရီရှင်းစိတ်ခံစားချက်တွေကိုသူနားလည်သွားပါပြီလေ..သူတို့ နှစ်ဦးကြား အဓိက ကပျော်ရွှင်ရကြေး ဆိုလျှင်ဟန်ဆောင်နေခြင်းထက် ဝန်ခံလိုက်ခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်။

" အခုက စပြီး ရီရှင်းနားမှာဘဲနေဖို့ ဆုံးဖြတ်လိုက်ပြီလေ..ဘယ်သူမှထွက်သွားစရာမလိုတော့ဘူး "

သူ့စကားဆုံးတော့ ရီရှင်း ကိုယ်က ဆတ်ခနဲတုန်သွားသည်..ရီရှင်း အမြဲမျော်လင့်ခဲ့တဲ့ စကားမို့ အံ့ဩသွားတာ ဖြစ်လိမ့်မည်။ပြီးတော့ ဂျွန်မြောင့်ကိုမယုံကြည်နိုင်ခြင်းများစွာ စွံ့အခြင်းများစွာတို့နှင့်မျက်နှာခြင်းဆိုင်လေသည် ။

" တ..တကယ်လား.? "

ဂျွန်မြောင် မျက်လုံးတွေ မှိတ်ကျသွားသည်အထိရယ်ပြကာ ခေါင်းငြိမ့်ပြမိသည်။

ရှင်း..ငါမင်းအချစ်ကို တကယ်ယုံကြည်သွားပါပြီ..။

 One and OnlyWhere stories live. Discover now