3

1.6K 191 26
                                    

ကျတော်ဂျွန်မြောင်ကိုနှစ်နှစ်ကာကာ မြတ်နိုးမိချိန်..သူနားကျတော့်ဘဝတစ်ခုလုံးပေးဆပ်ပစ်လိုက်ဖို့ကို ကြိုးစားမိတာပါပဲ..သို့ပင်မယ့်ကျတော့်စိတ်ကိုဂျွန်မြောင်မသိစေရ။တစ်ခြားတစ်ယောက်နှင့်ချစ်သူဖြစ်နေတယ်လို့ယူဆရမယ့်ဂျွန်မြောင့်ကို စိတ်မနှောက်အယှက်မဖြစ်စေလို။ကျတော်ကပဲနာကျင်ရပါစေ..ကျတော်ကပဲဝမ်းနည်းရပါစေ..ကျတော့် တစ်ဦးတည်းသောလေးက​တော့ပျော်ရွှင်​နေရမည်။

" ဘယ်လိုရောက်လာတာ! "

ဘဲလ်သုံးချက်လောက်တီးမှတံခါးလာဖွင့်ပေးတဲ့ဂျွန်မြောင့်ကိုပြုံးပြီးသာကြည့်လိုက်သည်..ကိုယ်တော်လေးကနှုတ်ခမ်းလေးတစ်ဆူဆူနဲ့ ..စကားပြောတိုင်းဆူဆူတတ်လာတဲ့ ထိုနှုတ်ခမ်းလေးကကျတော်သာသူချစ်သူဖြစ်ခဲ့ရင်အပြစ်ပေးလိုက်ပြီ ဆိုတာလဲတွေးမိပြီးသား။

" holidayမှာအပန်းဖြေဖို့ပေါ့"

ဆိုတော့"ငါ့အိမ်ကမင်းအပန်းဖြေစရာ မဟုတ်ဘူး"ဆိုပဲ။ကျတော်ကျိတ်ပြုံးဖြစ်သေးသည်။အားလပ်ချိန်တွေမှာကျတော်အချိန်ပိုင်းအလုပ်တွေပြီးတိုင်းသူ့တိုက် ခန်းကိုလာလာရှင်းပေးနေတာတစ်ပတ်လောက်ရှိနေပြီထင်သည်။မရိပ်မိတဲ့သူအတွက်တော့ ကျတော်ကသူ့အိမ်အတင်းလာပြီးရှုပ်နေတာလို့ ထင်ကောင်းထင်နိုင်မည်။

" ဒီနေ့ဟော့ပေါ့ချက်စားမလား"

အစားဆိုရင် မျက်လုံးအရောင်လေးက တစ်မျိုး..ဒါကလဲဆွဲဆောင်မှုတစ်မျိုးနဲ့ ရင်ဖိုရပြန်ပါသည်။

" ခဏစောင့် ငါပြင်ဆင်လိုက်အုံးမယ် .. ဟာ !မီးဖိုခန်းက ပွနေတာပဲဘာလုပ်နေတာလဲ"

" ဟီး .. ဟန်ဆောလ်အတွက်ကိတ်လုပ်ပေးကြည့်တာ "

" အမလေးး..မင်းရဲ့ မီးဖိုခန်းကစစ်မြေ ပြင်အလားနော်..မရတော့ဘူးး ဒီနေ့တော့ ဝိုင်းလုပ်တော့ "

ခပ်မြန်မြန်ပဲ စားပွဲပေါ် ဝယ်လာသောအထုတ်တွေကို ပစ်တင်လိုက်ပြီးတံပျက်စီးကောက်ကိုင်မိသည်။ကျတော့်အတွေးညစ်ညစ်တွေကိုအမြန်ဆုံး ဖယ်ပစ်နိုင်ဖို့ အလုပ်မြန်မြန်လုပ်ရမည်..ကျတော့်ကိုယ်ကျတော် အားမငယ်သွားသင့်။

 One and OnlyWhere stories live. Discover now