လွန်ခဲ့သော ခြောက်လခန့် ..
ဆရာမဝင်လာသေးသော စာသင်ခန်းက အထက်တန်းကျောင်းတို့ကဲ့သို့ မဆူညံလောက်သော်ငြား ဖုန်းကိုယ်စီနဲ့ တွတ်ထိုးတွတ်ထိုးတော့ လုပ်နေကြသည်။
ဘေးနားကသူငယ်ချင်းဖြစ်သူချန်ယောလ်ကိုယ်တိုင်က အထက်တန်းနောက်ဆုံးနှစ်သာ ရှိသေးတဲ့ဘတ်ဟျွန်းဆိုသူနှင့် ဗီဒီယိုကောလ်လုပ်နေကြသည်။
ချန်ယောလ်က တခြားနေရာမှာသာ ဆတ်စလူးဖြစ်ချင်ဖြစ်မှာအဲ့ဒီကလေးနဲ့ဆိုလျှင်တော့တကယ်ငြိမ်ချက်သားရယ်..ခုလည်းဖုန်းထဲကနေမုန့်စားပြနေတဲ့ကလေးကိုတစိမ့်စိမ့်ကြည့်ပြီးး စကားပြောဖို့တောင်မေ့နေရှာတာ ..
ကျတော် နှစ်ဦးသားကြည်နူးတစ်တီတူးလုပ်နေသောသူငယ်ချင်းကို ခေါင်းတခါခါလုပ်မိလိုက်ပြီးဖတ်လက်စစာကိုပြန်ငုံ့ကြည့်နေလိူက်သည်။သိပ်မကြာ..ဆရာဝင်လာတာမို့အားလုံးမတ်တပ်ထရပ်ကြသည်..ချန်ယောလ်လဲ သူ့ကလေးကိုအမြန်နှုတ်ဆက်ကာ ကပျာကယာ ဖုန်းသိမ်းလိုက်ရသည်။ခုဝင်လာတဲ့ဆရာက တော်ရုံမှမဟုတ်တာ..ဆရာဆိုမှကျတော်သေချာကြည့်မိတော့အခန်းထဲဝင်လာသူကဆရာအပြင်နောက်ထပ်ကောင်လေးတစ်ယောက်လဲပါသည်။
အဝေးကကြည့်လျှင်တောင် အတော်ဖြူမည်လို့ထင်ရတဲ့ အသားအရည်လေးက နီစက်စက်လေးနဲ့ပန်းရင့်ရောင်လေးသန်းနေသည်။mashmollowပုံစံကေလေးနဲ့ အနှီကောင်လေးကချန်ယောလ်ချစ်သူဘတ်ဟျွန်းထက်ပင်နုနေသလို.. ဒါနဲ့အဲ့ဒီကောင်လေးက..ကျောင်းသား
အသစ်များလား~" အားလုံးကို မိတ်ဆက်ပေးမယ် ..သူ့နာမည်ကကင်မ်ဂျွန်မြောင်..ဂျပန်ကနေ ပြောင်းလာခဲ့တာမင်းတို့ အခန်းထဲနေရမယ်..သူငယ်ချင်းအသစ်ကိုသေချာကူညီ ပေးကြ"
အားလုံးက ဆရာအပြောကို'ဟုတ်'ဆိုကာပြိုင်တူပြန်ဖြေကြသည်။ကျတော်ဘက်က သေချာပြန်ဖြေမိရယ်လားတောင်မသိ..ခုထက်ထိကိုအကြည့်ကထိုကောင်လေးဆီမှာပဲမခွာနိုင်ဖြစ်နေပြီးချန်ယောလ်လာပုတ်မှသတိပြန်ကပ်သည်။
" ကဲ..ဂျွန်မြောင်နီး..ဝင်ထိုင်လို့ရပြီ"
အရှေ့ဆုံးလွတ်နေသော ခုံမှာ ဝင်ထိုင်လိုက်တဲ့ဂျွန်မြောင်ဆိုသူကတစ်တန်းလုံးကလူတွေကိုတချက်မှမကြည့်သေးပေ။ ကျတော်ဆိုသူကလဲတခါမှဤမျှလောက် ယောကျ်ားလေးတစ်ယောက်ကိုလုံးစေ့ ပတ်စေ့ မငေးဖူးပေ။
