ကျတော့်စိတ်တွေ ဂျွန်မြောင့်အပေါ် ယိမ်းယိုင်နေတာသေချာပေမယ့်ယမန်အပတ်က မြင်ဖြစ်ခဲ့တဲ့အပြုအမူကြောင့် ကျတော်ဟာ ကျတော့်စိတ်အခြေအနေကိုအတတ်နိုင်ဆုံးမြိုသိပ်ဖို့ရန် အားထုတ်ခဲ့မိသည်။မိုးဥတွေ ကြွေလျှက်တစ်ခု
သော ညနေခင်း..ကံကြမ္မာဟာကျတော်နဲ့ဂျွန်မြောင့်ကို ယခင်အခြေအနေထက် တိုးတက်စေချင်တာလားတော့မမှန်းတတ်..ချွင်ခနဲ အသံနှင့်အတူ လေးထောင့်အိတ်အသေးလေးတစ်လုံးလွယ်ထားသောလူတစ်ယောက်ဝင်လာတာကို စားပွဲဝိုင်းသုတ်နေရာကနေကျတော် ဖြတ်ခနဲမြင်လိုက်ရသည်။ထိုချိန်ထိကျတော်ဟာ သာမန်အတိုင်းcustomerဆိုကာအမှုမဲ့အမှတ်မဲ့..
Counterကအစ်မဆုမီရဲ့အသံဟာလဲ
ကျတော်နားစွင့်မိသလောက်..ယခုမှပို၍ ချိုလွင်နေသလို..အဲ့ဒီအစ်မကကောင်လေးချောချောမြင်ရင် ချွဲတတ်သည်ဆိုတာ ကျတော်အချိန်ပိုင်းလုပ်စဉ်အတွင်းး အကဲခတ်မိသားမို့ အသာပြုံးမိလိုက်သည်။ကျတော်စားပွဲဝိုင်းတစ်ခုကနေနောက်တစ်ခုသို့ကူးပြောင်းရန်..သုတ်လက်စအဝတ်ကို ပခုံးပေါ်တင်ပြီးး စားပွဲအလယ်က ပန်းအိုးကိုနေရာတကျ
ပြန်ရွေ့လိုက်သည်။ထိုစဉ်ကျတော်ရှိနေသောနေရာသို့ လျှောက်လာပုံရသော ဘွတ်ဖိနပ်အသံလေး..ထိုချိန်ထိကျတော်ဟာ သာမန်အတိုင်းအမှုမဲ့ အမတ်မဲ့...ဟင် !
ကျတော်ကျေနပ်စွာပဲထိုင်ခုံကိုညွန်ပြပေးဖို့ထိုလူဆီလှည့်လိုက်ချိန်မှာမှ..ကျတော့်ဒုက္ခဟာကြီးပြီးမှန်းသိလိုက်သည်။
ဒုက္ခ !
ဒုက္ခဆိုသည်က တခြား အန္တာရာယ်ကို ဆိုလိုခြင်းမဟုတ်(ကျတော့်အတွက်အန္တာရာယ်လဲဖြစ်နိုင်ပါသည်)
ဂျွန်မြောင် !
ကျတော့်ရဲ့ကျောင်းပြောင်းကျောင်းသား/
ကျတော့်ရင်ကိုလှုပ်ခတ်စေသော / မူယစ်ဆေးတစ်ခုကဲ့သို ယစ်မူးစေသော/အနှီကောင်လေးဖြစ်နေခြင်းက ကျတော့် ဒုက္ခကို အစပျိုးခြင်းပဲဖြစ်ပေလိမ့်မည်။ဂျွန်မြောင့်ကို တွေ့တော့ ကျတော်သူပြောင်းလာပြီးနောက်ပိုင်း(ဖြစ်နေကျ) ဆိုတဲ့ လက်ဖျားအေးပြီးအာခေါင်ချောက်လာခြင်းကပထမဆုံးဒုက္ခ၊ကျတော့်အားအင်တွေတုံဆိုင်းသွားသလို..ကျတော့်လှုပ်ရှားမှုတိုင်းဟာ ထိုဂျွန်မြောင့် လှုပ်ရှားမှုများနှင့် ထပ်တူကျသွားသလိုမျိုး..ကျတော့်မျက်လုံးတစ်စုံကဂျွန်မြောင်ဆီမှာပဲ ယစ်ဝဲသွားတာမျိုးး အဲ့ဒါကတော့အနည်းငယ်ရင့်သောဒုတိယဒုက္ခ..