" ဟဲလို "" ... ... "
" ဟုတ်..ဟုတ်ကဲ့ကျတော် လာခဲ့ပါ့မယ် "
အမြန်ဆုံးနည်းနဲ့ ထထွက်ပြီးး မှီရာ taxi တစ်စီးကိုလှန်းတားမိသည်က သူဆိုသောပယောဂကြောင့် ။
ည၁၁ နာရီဆိုတာ..ညနက်လွန်းနေပြီ မဟုတ်လား။ ဂျွန်မြောင်ကဘာကြောင့်
ဒီချိန်လောက်ထိကို သောက်ရတာလဲ။
ဂျွန်မြောင် သောက်တတ်လိမ့်မည်လို့မထင်ခဲ့မိတာပဲ..ကျတော်အမှား။
ခုHeaven ဆိုသောမြို့ပြင်လူပျက်တဲ့ နေရာကclubမှာ အမူးလွန်နေသည်သိရတော့ ကျတော်စိုးရိမ်လွန်ကာဒေါသလဲ ထွက်မိသည်။တကယ်ဆို သူငယ်ချင်း
တစ်ယောက်ကို ဒီလောက်ထိ မစိုးရိမ်လိုက်သင့်..ချန်ယောလ်ဆိုလျှင်တောင် ဘတ်ဟျွန်းဆီ ဖုန်းလွဲပြီး အဖက်လုပ်မိမှာမဟုတ်..မနက်ရောက်မှသာအကျိူး အကြောင်းမေးလျှင် မေးမိမည်။
အခုက ဟန်ဆောလ်ကိုတောင် မဆက်သွယ်အားပဲ (ဖုန်းနံပါတ် မသိတာလဲပါသည်) စိုးရိမ်းတကြီးကိုယ်တိုင်ထထွက်လာမိတာ ပုံပျက်ပန်းပျက်နဲ့။" သူဘယ်မှာ ရှိနေလဲ "
ကျတော် ရောက်ရောက်ချင်းး clubထဲ အလောတကြီးဝင်ရောက်ကာ တွေ့တဲ့ ဝန်ထမ်းကိုမေးတော့ သူတို့ကလဲ အူကြောင်ကြောင်..
နောက်မှ counter ဘက်က ကောင်လေးတစ်ယောက်ကခေါ်ကာ ဂျွန်မြောင်ရှိမယ့် နေရာဆီပို့ပေးသည်။VVIP အခန်းတစ်ခုထဲအရောက်နူးညံ့အိစက်တဲ့ဆိုဖာပေါ် ..မှီတွယ်လှဲလှောင်းနေတဲ့တစ်ဦးတည်းသောလေးကိုဆီးတွေ့ရသည်.. ဝန်ထမ်းကို ကျတော်စီစဉ်နိုင်တယ် ဆိုပြီးခေါင်းငြိမ့်ပြတော့ထွက်သွားပေးသည် ။
ဝန်ထမ်းကောင်လေးထွက်သွားတော့မှ ဂျွန်မြောင့်နားသွားကာထိုင်ချလိုက်သည် vvip အခန်းတောင်ငှားပြီးး ဘာလို့ တစ်ယောက်တည်း..အဲ့လောက်သောက်
ရတာလဲBabyရယ်။ သာမန်နီစပ်စပ် အသားအရည်လေးက အယ်ကိုဟောလ် ဝင်ထားလေတော့ ပိုပြီးမှ ကိုနီထွေးလို့။နဖူးက ဆံစတချို့ကို သပ်တင်ပေးမိတဲ့အခါ..ပါးစပ်ပြင်ပြီး တစ်ဖက်ဆီလှည့်ဖို့
ပြင်လာပေမယ့် ..ဆိုဖာအခြမ်းက တဖက်..လှည့်တာက တဖက်ဆိုတော့ ကိုယ်လုံးလေးကအိခနဲဆိုသလို ကျတော်ဖမ်းထိန်းပေးတဲ့ လက်ပေါ်ကျလာခဲ့
သည်။
![](https://img.wattpad.com/cover/174684662-288-k687050.jpg)