Synopsis

1.4K 70 5
                                    

၂၁ ရာစုခေတ်မှာ သူမဟာ လူ့ခန္ဓာကိုယ် ရုပ်ကြွင်းက အချက်အလက်တွေပေါ်မူတည်ပြီး ရှေးဟောင်းယဉ်ကျေးမှုကို ဖော်ထုတ်လေ့လာတဲ့နယ်ပယ်မှာ ပြိုင်ဖက်ကင်း၊ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တယ်လို့ သတ်မှတ်ခံထားရတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်။

ခုတော့ အာဟာရချို့တဲ့ပြီး သေမယ့်ရက်ကိုသာ စောင့်ဆိုင်းနေတဲ့ Jinjiang မြို့က ဂျီ မိသားစု တတိယမြောက်သခင်မလေး အဖြစ် ကူးပြောင်း ရောက်ရှိသွားခဲ့တယ်။ သူမဟာ သူမအဖေရဲ့ သဘောကျချစ်မြတ်နှိုးမှုကို မခံရသူဖြစ်တဲ့အပြင် အခြားသူတွေကလဲ သူမကို ရှိတယ်လို့တောင် မသတ်မှတ်ကြဘူး။ အဲ့တော့ ငတ်ပြီးမသေဖို့နဲ့ ပိုက်ဆံရှာဖို့ရာ သူမဟာ အရင်က အရည်အချင်းကို အသုံးချပြီး ရုပ်အလောင်းတွေကနေတစ်ဆင့် အမှုတွေကို ဖော်ထုတ်ပေးတဲ့သူ ဖြစ်လာခဲ့တယ်။

ခုချိန်ထိမဖော်ထုတ်နိုင်ခဲ့တဲ့ အရင်က အမှုအဟောင်းတွေကို ဖြူဖွေးနေပြီဖြစ်တဲ့ အရိုးတွေကနေတစ်ဆင့် သူမရဲ့ ကျွမ်းကျင်တဲ့ လက်ကလေးတစ်စုံနဲ့ပွတ်သပ်ပြီး အဖြေရှာဖြေရှင်းပေးခဲ့တယ်။

သူဟာ အလွန်တရာမှ ကြည့်ကောင်းတဲ့ အေးစက်စက် မင်းသားတစ်ပါးဖြစ်တယ်။ အလှအဂေးလေးရဲ့ အပြုံးတစ်ပွင့်ကို မြင်ရမယ်သာဆိုရင် သူမ အနားမှာ ရစ်ဝဲပြီးတော့ သူရဲ့ ကိုယ်ကျင့်တရားသိက္ခာတွေကို ဘေးချိတ်ဖို့လဲ ၀န်မလေးဘူး။

နောက်ဆုံးမှာတော့..

" တစ်ကြိမ်တို့ထိရင် ငွေစ ၁,၀၀၀ ပါ  အရှင်မင်းသား........"  ဆိုတဲ့ အပြောကို ရန်လိုသောအကြည့်နှင့် သူမ ပြောတာကို သူ ခံခဲ့ရတယ်။

" ဒါဆိုရင်..  ဒီမင်းသားက မင်းလေးကို နမ်းဖို့ ငွေစ ၁၀,၀၀၀ ပေးမယ်................."


(ခုမှ ပထမဆုံး ဘာသာပြန်မှာမို့ ဖတ်ရတာ ထောက်နေတာ၊ မှားတာတွေ၊ အမြင်မတော်တာတွေ့ရင် ပြောနိုင်ပါတယ်နော် ^_^ 

ကိုယ့်ဘာကိုယ်လဲ ရေးထားတဲ့ပုံစံကို မကြိုက်လို့ ထပ်ခါထပ်ခါ ပြန်ပြင်ရလို့ပါ :'D

မူရင်းဝတ္ထု နာမည်က- 

 Bone Painting Coroner (画骨女仵作)  ဖြစ်ပြီး 

 စာရေးဆရာက- 

 Li Duo Wu (厘多乌) ဖြစ်ပါတယ်။ )


Bone Painting Coroner (Myanmar Translation)Where stories live. Discover now