အကို နဲ့ တွေ့ဆုံခြင်း

9.4K 209 2
                                    

ဆောင်းမနက်ခင်းရဲ့ နိုးထခြင်းတွေက ကျနော့်အတွက်အရမ်းကိုငြီးငွေ့ဖွယ်ကောင်းလွန်းနေပါတယ် ... ဒီနေ့ကကျနော် တက္ကသိုလ် ပထမနှစ်ကိုစတက်ရမယ့်နေ့လေးပေါ့ ။ ကျနော့်ဇာတိက ပြည် ကဆိုပေမယ့် ကျနော် ၁၀ တန်းအောင်ပြီးထဲက အဒေါ်တွေအိမ်ကို မေမေက ကွန်ပြူတာသင်တန်းတက်ဖို့ ပို့ထားရာကနေစပြီး ကျနော်လဲ ရန်ကုန်မြို့ကြီးမှာနေရတာပျော်တာနဲ့ ဒီမှာပဲ ကျောင်းဆက်တက်တော့မယ်လို့ဆုံးဖြတ်ပြီးနေဖြစ်ခဲ့တာပေါ့။ အခုတော့ ကျနော် ကျောင်းကို သွားချင်နေပြီလေ ဘာလို့လဲဆိုတော့ ကျနော်စိတ်ကူးယဉ်ခဲ့ရတဲ့ ရန်ကုန်မြို့က တက္ကသိုလ်ကျောင်းကြီးရဲ့ပျော်စရာတွေ သူငယ်ချင်းအသစ်တွေအတွက် ကျနော် ရင်ခုန် လွန်းလှပါပြီ ..။ ကပျာကယာ အိပ်ယာကထပြီး ကျောင်းသွားဖို့ပြင်ဆင်လိုက်တော့တယ်။ ကျောင်းရောက်တော့ ကျနော်တက်ရမယ့် အဆောင်ကိုရှာပြီး အတန်းထဲဝင်ထိုင်နေလိုက်တယ် ကျောင်းသားတွေအုပ်စုလိုက်လေးတွေဝင်လာကြတယ် ကျနော်ငေးနေမိတယ် ။ မကြာပါဘူး ကျနော့်နားကို ကောင်လေးတယောက်ရောက်လာတယ် ... လူရှိလားသယ်ရင်း တဲ့ မရှိပါဘူးခင်ဗျ ထိုင်ပါ ... ကျနော် ပြုံပြလိုက်တော့ သူကလဲပြုံးပြတယ် ပြီးတော့သူ့ကိုသူမိတ်ဆက်တယ် .. ငါ့နာမည်က ဇင်မင်းထက် စမ်းချောင်းမှာနေတယ် မင်းရော ? .. ကျနော်နာမည် ခန့်လင်းညို ပါ ဇာတိကတော့ ပြည်ကပါ အခုတော့ လှည်းတန်းမှာ အဒေါ်တွေနဲ့နေပါတယ် ....
ဟုတ်လား ငါနဲ့နီးတာပဲ ငါလဲ အဖော်မရှိဘူးကွ သူငယ်ချင်းတွေက တခြားမေဂျာ တွေယူသွားကြလို့ ငါတယောက်ထဲ ဖစ်နေတာ မင်းနဲ့ငါသူငယ်ချင်းဖစ်လို့ရတယ်မလား ? .. အာ ရတာပေါ့ငါလဲတယောက်ထဲဖစ်နေတာ ခုလိုခင်မင်ရတာဝမ်းသာပါတယ်ကွာ .. ကျနော်တို့စကားကောင်းနေတုန်းဆရာမ ရောက်လာပြီးစာသင်ဖြစ်ကြတယ်.။
ထမင်းစားချိန် နားတော့ နှစ်ယောက်သားကန်တင်းကို ထွက်လာကြတယ် ။ကန်တင်းမှာ လူတွေကအပြည့်ပဲ ကျနော်တို့လဲ နေရာလွတ် ရှာပြီးထိုင်လိုက်တယ်။ နှစ်ယောက်သား ထွေလီကာလီစကားတွေပြောရင်း ကျနော် ရေခွက်ထဲကရေတချို့ကိုဘေးကို သွန်လိုက်တယ် ။ အဲ့မှာစတာပါပဲ :( အရပ်မြင့်မြင့် ဆံပင်အရှည်နဲ့ ကျနော်တို့ထက်တော့အသက်ကြီးမယ်ထင်တယ် ယောက်ျားပီသတဲ့မျက်နှာမျိုးပိုင်ဆိုင်ထားတယ် ၊ နှုတ်ခမ်းမွှေးခပ်ရေးရေးနဲ့ သူက ကျနော့် အင်္ကျီကိုဆောင့်ဆွဲပြီး "မင်းလူတယောက်လုံးလာတာမမြင်ဘူးလား ? ငါ့ပုဆိုးတွေစိုကုန်ပြီ" "ကျနော် မမြင်လိုက်မိလို့ပါ ဆော်ရီးပါအကိုရာ , တကယ်ပါ တောင်းပန်ပါတယ် " " နောက်ခါ သတိထားနေ မင်းနောက်တခါဆိုမလွယ်ဘူး " ကျနော့်ကိုလက်ညိုးထိုးပြီး ရန်ထောင်နေတာ သူ့ဘေးကသူငယ်ချင်းတွေက တော်ပါတော့ကွာမင်းကလဲကလေးတေ ခုမှကျောင်းစတက်ရတာထင်ပါ့ မနူးမနပ်လေးတွေပါလာပါ " ဆိုပြီးဆွဲခေါ်သွားတယ် ...
ကျနော့်ကို ပေစောင်းစောင်းနဲ့ကြည့်သွားတယ် ... ကျနော် အကို့မျက်လုံးတွေကို ငေးနေမိတယ် .... ဇင်မင်းထက်က "ဟေ့ယောင် မင်းကလဲသတိထားနောက်ဆို ငါတို့အရိုးတခြားအသားတခြားဖစ်သွားမယ် .. စားတော့ အတန်းပြန်တက်ရတော့မယ် " " အေးပါကွာ ငါလဲမမြင်လိုက်လို့ပါ " .... ကျနော် အကို့ကိုလိုက်ရှာကြည့်သေးတယ် ကျနော်မတွေ့တော့ပါ ... အကို့ရဲ့ ဂျစ်ကန်ကန် အမူအရာတွေကိုကျနော် ဘာလို့ မကြောက်ပဲ ထပ်တွေ့ချင်နေမိတာလဲဆိုတာ စဉ်းစားလို့မရမိတော့ပါဘူး .... ......

အကို ... သို့ ......Where stories live. Discover now