အကို... သို့. ဇာတ်သိမ်းပိုင်း

3.7K 107 25
                                    

       ကျနော်စီးလာတဲ့ကားကြီးက ထမင်းစားခနနားဖို့ ထမင်းဆိုင်တဆိုင်မှာ မိနစ်သုံးဆယ်ခန့်ရပ်နားမည်ဟု ယာဉ်မယ် ရဲ့မိုက်နဲ့ပြောတဲ့အသံကြားမှ ကျနော် အိပ်မှုန်စုတ်ဖွားဖြင့်ထကာ အောက်သို့ဆင်းခဲ့သည်..  အချိန်က ည၁၂ နာရီခန့်သာရှိအုံးမယ်..

အိမ်ကမေမေက ထမင်းကျွေးပြီးမှလွှတ်လိုက်တော့ကျနော် ဗိုက်မဆာတာနဲ့ကော်ဖီလေးပဲသောက်ပြီး ကားထွက်မယ့်အချိန်ကိုစောင့်နေမိတယ်.

အကို့ဆီကိုကျနော် ဖုန်းဆက်ကြည့်တယ်
အကိုဖုန်းမကိုင်ဘူး အင်းပေါ့လေ အကိုအိပ်နေလောက်ရောပေါ့ မနက်ကျအစောကြီး ကျနော့်ကိုလာကြိုမှာလေ...
ကျနော်အရမ်းမျှော်လင့်တောင်းတခဲ့ရတဲ့ အကိုနဲ့ကျနော့်ရဲ့ ပြန်လည်တွေ့ဆုံခွင့်လေး မနက်ဆို ပြည့်ရတော့မယ်
ဟိုးအရင်ကလို အကိုကျနော့်ကိုထက်ထားသွားမှာ ကျနော် ကြောက်နေမိတယ် အကိုရယ်...
အကိုကျနော့်အနားကထွက်မသွားနိုင်အောင်ကျနော် အကို့ကိုဖမ်းဆွဲထားရမယ် ဟဲဟဲ အကိုနဲ့တူတူနေချင်လိုက်တာ တခြားအတွဲတွေမြင်ရင်အရမ်းအားကျခဲ့ရတာ..  ဟူးး နက်ဖန်အကိုနဲ့တွေ့ရင် အကိုထားသွားခဲ့တဲ့ကျနော် ၅ နှစ်လုံးလုံး ဘယ်လောက်တောင် ဝမ်းနည်း အထီးကျန် ခဲ့ရလဲဆိုတာ အကို့ကို ပြောပြရမယ် ပြီးရင် အကြွေးပြန်ဆပ်ခိုင်းရမယ် ဟဲဟဲ အကိုနဲ့ခရီးတခုလောက်ထွက်မယ်...
"အကိုရေ ကားထွက်တော့မယ် ”
"ဗျာ အော် ဟုတ်ကဲ့ လာပြီ... ”
ကျနော် အတွေးတွေတောင်ဘယ်ရောက်သွားမှန်းမသိတော့ဘူး..
ကားပေါ်ရောက်တော့ ကျနော် B6 လေးသောက်ပြီး နားကြပ်လေးတပ် သီချင်းလေးနားထောင်ရင်း အိပ်ပျော်သွားခဲ့တယ်.....


.....
....
............

      ကျနော်မျက်လုံးတွေ ဖွင့်ဖို့အားယူနေရတယ်.. ဘာလို့လဲ.... ဘာလို့လဲ....
ကျနော်ဖြေးဖြေးချင်းဖွင့်ကြည့်တော့ အဖြူရောင်အခန်းကြီးထဲ လိုက်ကာအပြာ စတွေက လေထဲလွင့်လို့..  အပေါ်ဖြူအောက်နီ နက်စ်မလေးတွေကလဲဟိုပြေးဒီပြေးနဲ့..
ဘာလို့ပါလိမ့်...
ကျနော် ဖြေးဖြေးချင်းထ ထိုင်လိုက်တယ် အနီးနားကဆရာဝန်မလေးကိုကျနော် လှမ်းခေါ်တယ် သူမကြားဘူး ကျနော့်ကိုတွေ့ပုံမပေါ်ဘူး..  ငါဘာဖြစ်လို့ဒီကိုရောက်လာရတာလဲ...  ငါ ရန်ကုန်သွားနေတာလေ အခုဘယ်နှနာရီထိုးပြီလဲ...
နာရီအမြန်ရှာတော့ နံရံမှာ နာရီက ၄ နာရီခွဲနေပြီ..  အခုဆို အကိုကျနော့်ကိုစောင့်နေမှာ..  ငါဘယ်ရောက်နေတာလဲ ဟာ ကယ်ကြပါအုံးဗျာ..  ကျနော်ခေါ်နေတာ ဘာလို့ လှည့်မကြည့်ကြတာလဲ...  ရုတ်တရပ်ကျနော်မြင်လိုက်ရတဲ့မြင်ကွင်းက ကျနော့် ရင်ထဲ လှိုက်ခနဲ မှင်သက်သွားမိတယ်....
ကျနော် ထိုင်နေတဲ့ကုတင်..  ကုတင်ပေါ်မှာ မျက်နှာပေါ်မှာ သွေတွေစို့ နေတဲ့ ကျနော်...  ကျနော် မျက်နှာ..  ဒါဆို ဒါဆို ငါ ဘာဖြစ်ခဲ့တာလဲ..  ငါဘာလို့ဒီကိုရောက်နေရတာလဲ... ကျနော် ရင်ဘက်ထဲစူးနေအောင် နာကျင်ပြီး အနီးစပ်ဆုံးနံရံတခုဆီသို့ပြေးပြီး ကျနော် ငိုနေမိတယ်  အကိုကော အကိုကော ခုဘယ်မှာလဲ ကျနော့်ကိုစောင့်နေတာလားအကို..  အကို့ဆီဖုန်းဆက်ပေးမယ့်သူမရှိတော့ဘူးလား..
ကျနော် လွယ်အိတ်လေး ကိုကျနော်ရှာကြည့်တော့ ကျနော် လှဲနေတဲ့ ကုတင်ခြေရင်းလေးမှာ ကျနော်ပြေးကိုင်ကြည့်တာ ကိုင်လို့မရဘူး... သွေးပေနေတဲ့နားကြပ်လေး တဗြည်းဗြည်းနဲ့ vibrate ဖြစ်နေတဲ့ ဖုန်းလေး အကိုတဲ့...  အကိုကျနော်ကိုဆက်နေတယ် တယောက်ယောက် မမြင်ကြဘူးလားဗျာ..  ကျနော့်ကိုကူညီပေးကြပါဗျာ...  ကျနော့်ဘေးက ဖြတ်သွားနေတဲ့ နာတ်စ်တွေရဲ့အနောက်ကိုကျနော်လိုက်ရင်း အကူညီတောင်းနေမိတယ်..  တယောက်မှကျနော်ကိုမမြင်ကြသလို ကျနော့် ဖုန်းလေးကိုလဲ ဘယ်သူမှ မမြင်ကြဘူးဗျာ.....

အကို ... သို့ ......Where stories live. Discover now