အပိုင်း ၁

554 46 6
                                    

လူတွေမှာ Guardian ဆိုတာရှိတယ်ဗျ... ခင်ဗျားတို့က မမြင်ရလို့ မယုံချင် မယုံဘူးနေမယ်.. တကယ်ရှိတယ် .. တစ်ခါတစလေ မှာ ခင်ဗျားတို့ သတိထားမိလား တစ်ယောက်ယောက်ကကူညီနေသလိုမျိုး .. ဥပမာဗျာ ပိုက်ဆံ မရှိတဲ့ အချိန် ပိုက်ဆံ ကောက်ရတာမျိုး... အန္တရာယ်ဖြစ်ခါနီးမှ ပွတ်ကာသီကာလွတ်သွားတာမျိုး.. အဲလိုမျိုး ကြုံဖူးကျတယ် မဟုတ်လား..အဲဒါ ခင်ဗျားရဲ့ guardian က ခင်ဗျားကိုကူညီလိုက်တာလေ... Guardian တွေ ဘာတွေလုပ်ကျလဲ ကျွန်တော် ပြောပြချင်တယ်.. ကျွန်တော်တို့တာဝန်တွေဘာတွေလဲ ပြောပြမယ်... ကျွန်တော်က လည်း Guardian တစ်ယောက်ပါ

ကျွန်တော် နံမည် Adoelas ....

နတ်ဘုရား တစ်ပါး မဟုတ်ပေမယ့် အထူးသန့်စင်တဲ့ စိတ်ဝိညာဥိတွေကို စောင့်ရှောက်ပေးရတဲ့ နတ်သူငယ်တစ်ပါးပါ
ကျွန်တော်ဟာ သန့်စင်တဲ့ အပျိုစင် နတ်ဘုရားမ Artemis ရဲ့ မွေးစားသား...ကျွန်တော် ရဲ့ အထိမ်းအမှတ်ဟာ အနီရောင် နတ် နဂါး နဲ့ စောင့်ရှောက်ခြင်း .. Jack Forst က ကလေးတွေကို စောင့်ရှောက်ပြီး ကျွန်တော်က အထူးတာဝန်ပေးအဖြစ် သန့်စင်တဲ့ စိတ်ဝိညာဉ် ရှိတဲ့သူတွေကိုပဲ စောင့်ရှောက်ရတယ်..

ကျွန်တော် မအားဘူး ဗျ အရမ်းအလုပ်များတာ... လူတွေဟာ နှစ်တွေကြာလာလေ စိတ်တွေ ညစ်နွမ်းလာလေပဲ.. လွန်ခဲ့တဲ့ နှစ်ရာချီတုန်းက ကျွန်တော်ဟာ တပြိုင်နက် လူထောင်ချီကို စောင့်ရှောက်ပေးရတယ်.. တဖြည်းဖြည်း နဲ့ နည်းလာတာဟာ အခုဆို လူတစ်ယောက်ကိုပဲ စောင့်ရှောက်ရတော့တယ်.. ပြီးရင် ကြားမှ နောက်တစ်ယောက်စောင့်ရှောက်ဖို့ မရှိလို့ နားနေရသေးတယ်.. နားတယ်ဆိုတာလည်း သန့်စင်တဲ့လူထပ်ရှာရတာပေါ့ဗျာ...

ကျွန်တော်က ငယ်ပါသေးတယ်.. နှစ်သောင်းချီ နေတဲ့ နတ်ဘုရားတွေနဲ့ယှဉ်ရင် နှစ်ပေါင်း ၁၇၀၀ ဆိုတဲ့ သက်တမ်းက ဆယ်ကျော်သက်အရွယ်သာသာ ပါ ကျွန်တော်က အပျိုစင် နတ်ဘုရား မရဲ့သားပီပီ ဘယ် Nymph ကိုမှ စိတ်မဝင်စားဘူး.. မယ်တော် Artemis ကိုလည်း လေးစားကြောက်ရွံ့ရတော့ မယ်တော် ဂုဏ်ပျက်အောင် လုပ်မိမှာ သိပိစိုးရိမ်တယ်.. အိုလံပစ် မိသားစု ဝင် နတ်ဘုရား ၁၂ ပါး ရဲ့ ထိုင်ခုံမှာ ထိုင်ခွင့်ရတဲ့ မယ်တော်ဟာ အမဲလိုက် နတ် ဘုရား မ ပီသစွာ စိတ်ကလည်း အရမ်းဆတ်တာကိုး..

Guardian Where stories live. Discover now