အပိုင်း ၎

104 27 9
                                    

အပိုင်း ၄,

ပိုင်ယွီ အိပ်ခန်းတံခါး ဖွင့်ပေးလိုက်သည်

ဘာတော့ သိပ်မရှိဘူး... ဒါပေမယ့်... ဒါပေမယ့် ငါ ထပ်ဖြည့်ပေးမှာပါ.... ပန်ကာ ပေးမယ်.. မွေ့ယာက ဟောင်းပေမယ့် အဆင်ပြေပါတယ်... မင်း မပြေလဲပြော ငါ အသစ်ဝယ်ထည့်ပေးမယ်...

တောက်ပနေပြီး နတ်သားတစ်ပါးလို ကျော့ရှင်းနေတဲ့ ကျူးရိလုံ နဲ့ ပိုင်ယွီ အခန်းက ဘယ်လိုမှ မအပ်စပ်ဘူး လို့ ပိုင်ယွီ ခံစားရသည် ...သူစိတ်ထဲ အတော်လေး ပြည့်စုံတယ်လို့ ထင်တဲ့အခန်းက အခုတော့လည်း အကုန်လုံးဟောင်းနွမ်းကာ နေချင်စရာ တစ်စက်မှ မရှိဘူးလို့ ထင်မိပြန်သည်

ရပါတယ်.... လိုရင် ကျွန်တော် ဘာသာ ဝယ်လိုက်မယ်... Adoe ပိုင်ယွီ အခက်အခဲကို နားလည် သလို ပြုံးကာကြည့်ရင်း ပြောလိုက်သည်

ငါ့ကိုယ်ငါ မိတ်မဆက်ရသေးဘူး... ငါ့နံမည် ပိုင်ယွီ... အလုပ်... ကတော့ အဆင်ပြေရာလုပ်တယ်... မင်းကရော...

Adoe စဉ်းစားလိုက်သည်... Adoe က ဘာလုပ်ရမလဲ... ဘာအလုပ်လုပ်ရမလဲ...

ကျောင်းသားလား... မင်းကြည့်ရတာ ငယ်ဦးမယ်... ငါထပ်ငယ်မယ်ထင်တယ်...ငြိမ်နေတဲ့ ကောင်လေးကို ပိုင်ယွီ ထပ်မေးလိုက်သည်

၁......

၁..??

၁......၉ ...

Adoe ၁ ကိုသိတယ် ၉ ဆိုတာ ဂဏန်းထဲမှာ အကြီးဆုံး Adoe ၁ လို့ပြောတော့ တစ်ခုခုမှားသလို ပြန်ကြည့်တဲ့ ပိုင်ယွီကြောင့် Adoe အကြီးဆုံးဂဏန်းကို ရွေးပြောလိုက်သည်

၁၉ ?? ၁၉ နှစ်လား... ငါ ထင်တာထပ်တောင် ငယ်တာပဲ.. အထက်တန်းတော့ ပြီးပြီပေါ့... ငါ့ထပ်အများကြီးငယ်တယ်... ငါက ၂၇ နှစ်.. ဘယ်တက္ကသိုလ်တတ်နေလဲ... ဘယ်မေဂျာလဲ...အခု ပထမနှစ်လား....

Adoe ပိုင်ယွီကို မျက်တောင်ပုတ်ခတ် ပုတ်ခတ် လုပ်ကာကြည့်လိုက်သည်... ၁၉ ထပ် ၂၇ က ကြီးတယ်တဲ့... အထက်တန်း... တက္ကသိုလ်... မေဂျာ... ပထမနှစ်... ဘာတွေ လဲ....

Adoe စဉ်းစား မရတဲ့အဆုံး ခေါင်းခါပြလိုက်သည်

ဟင်... ကျောင်းမတတ်ဘူးလား...

အင်းး... မတတ်ဘူး... Adoe ပြန်ဖြေလိုက်သည်

အလုပ်လုပ်နေတာလား...

Guardian Where stories live. Discover now