အပိုင်း ၅

209 29 4
                                    

အပိုင်း ၅

ပိုင်ယွီ အလုပ်ရှာပေးတဲ့ ကုမ္မဏီမှာ CV ဖောင် ကို ဖြည့်ကာ တင်ဖို့လုပ်နေသည်

Adoe နားမလည်နိုငိသလို ကြည့်နေသည်.. တကယ် နားမလည် ...

အဲဒါ ဘာလုပ်တာလဲ.... Adoe မေးလိုက်သည်

ငါ မင်းထပ်ကြီးတယ်... မင်း စကားပြောရင် ငါ ကို ဘယ်လိုမှ မခေါ်မိအောင် ရှောင်ပြောနေတယ်...

ပိုင်ယွီ နဲနဲ အမြင်ကပ်စွာ ရိလုံကို ပြောလိုက်သည်..ငှါးနေတာ တစ်ပတ်ကျော်ပြီမို့ အတော်လေးလည်း ရင်းနှီးလာတယ် လို့ ပိုင်ယွီ ခံစားရသည် ဒါပေမယ့်... ပိုင်ယွီ ဘယ်လို နာမ်စားမှ ရိလုံ မသုံးသေး မခေါ်သေး... သူ့ကိုယ်သူ ကျွန်တော်လို့ ပြောတတ်ပေမယ့် အပြုအမူက မသိရင် ရိလုံက သူထပ် အသက်ကြီးသလို ပင် ...

Adoe ခေါငိးကုတ်လိုက်သည်...

ပိုငိယွီ... အ !

ပိုငိယွီ ရိလုံ နားရွက်ကို ဆောင့်ဆွဲလိုက်သည်

ယွီကောလို့ ငါ့ကို ခေါ် !!

Adoe ဒေါသ ငယ်ထိပ်ဆောင့်တတ်သွားသည်.. မျက်လုံးတွေ မီးပွင့်မတတ်ဖြစ်သည်

ပိုင်ယွီ လက်ရဲ ဇက်ရဲ လုပ်ပြီးမှ အားနာသွားသည်

ပိုငိယွီ..... ရှိလား.. ဖြည့်တာ လိုသေးတယ်...

စာရေးမလေးက ပိုငိယွီဖြည့်ထားတာကို ကွန်ပြူတာ မှာ စစ်ပြီး လှမ်းခေါ်သည်

အော... လာပြီ .. ပိုင်ယွီ အမြန်ပြေးသွားလိုက်သည်

Adoe လက်သီးကို ဆုပ်ရင်း ခပ်ဝေးဝေး ကို ထွက်လာလိုက်သည်

Adoe လို နတ်သူငယ်ရဲ့ နားရွက်ကို ဆွဲရဲတဲ့ လူသား.. ၈ ပိုင်း ပိုင်း ပစ်လိုက်ဖို့ကောငိးတယ် ... သူ့ရဲ့ guardian တစ်ယောက်သာ မဟုတ်ခဲ့ရင် Adoe တစ်ခုခုလုပ်ပစ်လိုက်မိမှာ...

Adoe ရဲ့ အာရုံထဲမှာ ပေါ်လာတာ ကော်ဖီပူတွေ ...

ပူပါစေ... ပူပါစေ.. အဲဒီလူသား ဒဏ်ရာ ရပစေ.. ပစ်ထားမယ်

ပိုင်ယွီ ဖြည့်စရာတွေဖြည့်ပြီး ရိလုံကို လှည့်ကြည့်မိသည်

ဟင်... ဒီကလေး ဘယ်ရောက်သွားတာလဲ... ပိုင်ယွီ မတ်တပ်ထရပ်ပြီး ဟိုဒီ ခေါင်းလှည့်ကာ ရှာလိုက်သည်

Guardian Where stories live. Discover now