1

1.7K 213 28
                                    

"LUCKY" Hotpot & BBQ ဟု LED boardပြား​ပေါ်တွင်​​ရေးထား​သော စား​သောက်​ဆိုင်​၏ကားparkingထဲသို့ခပ်​သွက်​သွက်​​မောင်းဝင်​လာလိုက်​ပြီး ကား​သော့ကို ဆိုင်​ဝန်​ထမ်း​Security​ကောင်​​လေးအား​ပေးခဲ့ကာ ဆိုင်​တွင်းသို့ ခပ်​မြန်​မြန်​ဝင်​လာခဲ့လိုက်​သည်​။ Car Parking ထိုး​နေဖို့အချိန်​မ​ပေးနိုင်​​လောက်​​အောင်​ ကျွန်​​တော့်​အတွက်​အ​ရေးကြီးဆုံးVIP ပုဂ္ဂိုလ်​ရှိရာသို့ အခစားဝင်​ချင်​လှပါရဲ့ ။

ဆိုင်​တွင်းသို့​ရောက်​သည်​နှင့်​ waiter​ကောင်​​​လေးကို​မေးကြည့်​​တော့ ထိုပုဂ္ဂိုလ်​က VIP Room No.7 ကိုယူထားသည်​ဟုသိရသည်​ ။ ထို့​ကြောင့်​ ​ကောင်​​လေးညွှန်​ပြရာ အခန်းဆီသို့ခပ်​သွက်​သွက်​သွားလိုက်​ပြီး အခန်းတံခါးကို​ဖြေးညှင်းစွာဖွင့်​ကာ အခန်းတွင်းသို့ ​ခေါင်းပြူကြည့်​လိုက်​သည်​ ။

အခန်းတံခါးပွင့်​သွားတာ​ကြောင့်​ အခန်းတွင်း၌တ​​ယောက်​တည်းထိုင်​နေ​သောကျွန်​​တော့်​ရဲ့VIPက တချက်​သာ မျက်​လုံးလှန်​ကြည့်​သည်​။ အကြည့်​စူးစူးတို့မရုတ်​သိမ်းခင်​အချိန်​မှီ​လေး ကျွန်​​တော်​ မျက်​နှာချို​သွေးသ​ည့်​သ​ဘော ရယ်​ပြလိုက်​​တော့ ထိုပုဂ္ဂိုလ်​ကနှာ​ခေါင်းတချက်​ရှုံ့ကာ ကျွန်​​တော့်​ကိုဆက်​မကြည့်​​တော့ပဲ သူစားလက်​စ Hotpotအိုးကိုသာ အာရုံဆက်​ထား​နေ​တော့သည်​။

အ​ခြေအ​နေအရ VIPရဲ့စိတ်​ရာသီဥတုကသိပ်​​တော့မ​ကောင်းလှ ။ Park Chanyeolနှင့်​အနီးတဝိုက်​တွင်​ ​နေရာကွက်​ကျားမုန်​တိုင်းထန်​နိုင်​သည်​ဟု ခန့်​မှန်းမိသည်​ ။

" ကို "

သူ့အနားကထိုင်​ခုံမှာ သွားထိုင်​​တော့ မကြားချင်​​ယောင်​​ဆောင်​ကာ အသားပန်းကန်​ထဲက အသားလွှာတခုကိုတူနှင့်​ညှပ်​ပြီး Hotpotအိုးထဲထည့်​​နေသည်​။ ဒီအ​​ခြေအ​နေမှာ ကျွန်​​တော်​က သူ့အာရုံထဲ Hotpot​လောက်​ပင်​​နေရာမရှိဘူးထင်​ပါရဲ့ ။

"ကို ​ရောက်​​နေတာ ဘာလို့ ကျွန်​​တော့်​ကိုမ​ပြောတာလဲ ...ကျွန်​​တော်​ဖြင့်​ ကို့အ​မေနဲ့ဖုန်း​ပြောဖြစ်​မှ သိရတယ်​ "

C o n s e q u e n c e s Where stories live. Discover now