Admissionသိပ်မရှိတဲ့အချိန်မို့ ဆေးရုံရဲ့အလုပ်သင်ဆရာဝန်များနားနေခန်းမှာ ဆေးရုံဆင်းစာအုပ်များထိုင်ရေးပေးနေစဉ် Duty Coatအိတ်ကပ်ထဲထည့်ထားတဲ့phoneကိုလည်း လက်ကတစမ်းစမ်း ။ ဘယ်အချိန်များ vibrateဖြစ်လာပြီး message alarmလေးများ ကြားရလေမလဲ တမျှော်မျှော် တခေါ်ခေါ်စောင့်ရင်း DCစာအုပ် ငါးအုပ်သာပြီးသွားတယ် ..နေနိုင်သူရဲ့ပ်ို့စာတစောင်ကတော့ လေလှိုင်းကိုဖြတ်သန်းပြီး အရောက်မလာပါဘူး ။
"Chanyeol "
အခန်းတံခါးဖွင့်သံကြောင့် ကျွန်တော် ရေးရင်းလှည့်ကြည့်မိတော့ စီနီယာBaekhyunကိုတွေ့လိုက်ရသည်။ Stethoscopeကို လည်ပင်းမှာချိတ်လျက် Duty Coatဖြူသန့်သန့်ဖြင့် စီနီယာက ခံ့ညားရှင်းသန့်နေသည်။
"ဟုတ်...ဘာခိုင်းစရာရှိလို့လဲ စီနီယာ "
" 3rd MB ကျောင်းသားတွေ ရောက်ပြီလား သွားကြည့်ပေးပါဦး ...ကိုယ် နောက်နာရီဝက်နေရင် သူတို့ကိုစာလာသင်ပေးမယ်လို့...caseကောင်းတာတခု ယူခိုင်းထားလိုက် "
"ဟုတ် "
ရေးလက်စ DCစာအုပ်များကိုထားခဲ့လိုက်ပြီး စီနီယာခိုင်းသောကိစ္စကိုအရင်လုပ်ဖို့ 3rd MBကျောင်းသားများရှာပုံတော်ထွက်လာခဲ့ရသည်။
ကျွန်တော်အလုပ်ဆင်းနေသောဆေးရုံက သင်ကြားရေးဆေးရုံလည်းဖြစ်၍ ဆေးကျောင်းက ကလေးတွေလည်း သူ့အချိန်နဲ့သူ ပညာလာသင်ကြသည်။
လူနာကုတင်ဘေးတွေမှာ Duty Coatကိုယ်စီနဲ့ ကျောင်းသားများ ဟိုတစု ဒီတစု လူနာကို historyမေးသူကမေး ..စမ်းသပ်သူကစမ်းသပ်နှင့် ။
ဘယ်သူက 3rd MB ..ဘယ်သူကFinal Part 1 ...ဘယ်သူက Final Part 2 ကျောင်းသားတွေမှန်း ကျွန်တော်လည်းမသိ ။ထို့ကြောင့် အဖြစ်နိုင်ဆုံးနေရာဖြစ်တဲ့ စာသင်ခန်းဘက်သာထွက်လာလိုက်သည်။ ကျွန်တော်ထင်သည့်အတိုင်း စာသင်ခန်းအတွင်းမှာ ကျောင်းသားတစု ပွက်လောရိုက်နေကြသည်။ အသေအချာကို ဒီကလေးတွေက ပေါက်စတွေပဲ ။