3

1.1K 196 11
                                        

Admissionရှိတဲ့​နေ့​တွေမှာ 24hrs Dutyဆင်းရတဲ့​နေ့​တွေထဲက​တ​နေ့။ မထူးမခြားနားပါပဲ ​ခြေ​ထောက်​​တွေ​ခွေလဲချင်​​လောက်​တဲ့အထိ​ တကိုယ်​လုံး​ညောင်းညာကိုက်​ခဲပြီး လူက အိပ်​ရာ​မြင်​ ပစ်​လှဲချင်​စိတ်​သာရှိသည်​။

Night offထွက်​လာတဲ့ကျွန်​​တော်​ ...။ တညလုံး ပင်​ပန်းထားသမျှ လူပုံစံက လုံးဝဂါထွက်​​နေပြီ ။ အနည်းငယ်​ရှုပ်​ပွ​နေတဲ့ဆံပင်​​တွေရယ်​...အိပ်​​ရေးပျက်ခြင်းရဲ့အကျိုးဆက်​ မျက်​တွင်းနက်​နက်​​လေးရယ်​...ပြုံးချင်​ရယ်​ချင်​စိတ်​ကိုမရှိ​တော့လို့ လူက သုန်​မှုန်​​နေပြီ။

"ပင်​ပန်းလိုက်​တာ "

တ​ယောက်​တည်းတီးတိုး​​ရေရွတ်​ရင်း အိပ်​ရာလိပ်​အထုတ်​ကိုဆွဲလျက်​ ​ဆေးရုံပြင်​ပသို့ထွက်​လာခဲ့လိုက်​သည်​။ အိပ်​​ရောက်​လျှင် ထမင်းစားပြီးသည်​နှင့်​ အတိုးချကာ အိပ်​ပါ​တော့မည်​။
အိပ်​ရာကနိုးလျှင်​ ထပ်​အိပ်​ပါဦးမည်​ ။

ထိုင်းမှိုင်း​နေတဲ့​ခြေလှမ်း​တွေနဲ့ ကားParkingရှိရာဆီသို့ ​လျှောက်​လှမ်းလာခဲ့စဉ်​ အိတ်​ထဲမှာထည့်​ထားတဲ့phoneကတုန်​ခါရင်း အသံမြည်​လာသည်​ ။

"ဟင်​.."

Phone screenမှာ​ပေါ်​နေတဲ့​ခေါ်ဆိုသူနာမည်​ကိုမြင်​လိုက်​ရတဲ့အခါ အံ့အားသင့်​မှု​ကြောင့်​ ကျွန်​​တော့်​လက်​ထဲမှာကိုင်​ထားတဲ့ အိပ်​ရာလိပ်​အိတ်​​တောင်​ ​မြေပြင်​​ပေါ် ဘုတ်​*ခနဲ ပြုတ်​ကျသွားသည်​။ ထူးထူးခြားခြား ပြည်​မကြီးက စိမ်းကားသူတရုတ်​ကြီးက စပြီးဖုန်း​ခေါ်​နေပါလား ? ကိုရီးယားမှာ အပူချိန်​ 40° ဖြစ်​​တော့မယ်​ထင်​တယ်​။

"​ပြော "

ရန်​ဖြစ်​ထားသည်​မို့ စိမ်းသက်​သက်​သာ​ပြောလိုက်​​သော်​လည်း အပြင်​ပန်းက ကျွန်​​တော့်​မျက်​နှာက​တော့ ပီတိ​တွေဖြာ​နေသည်​မှာ သိသာလွန်း​လောက်​​အောင်​ပင်​ ။ ဘာဖြစ်​ဖြစ်​ သူမြင်​တာမှမဟုတ်​တာ ။

"ကိုယ်​ဖုန်းဆက်​လို့ အချစ်​ ဒီ​လောက်​​ပျော်​သွားမှန်းသာကြိုသိရင်​ ကိုယ်​လွန်​ခဲ့တဲ့တပတ်​​လောက်​ကတည်းက စိတ်​​ကောက်​မ​နေပဲ စဆက်​ပါတယ်​ .."

C o n s e q u e n c e s Where stories live. Discover now