💚Seon Saeng Nim💚

537 34 33
                                    

Episode💚Twenty-Five
Markbam🐰🐍

Zawgyi :::

"အညော် မိုင်ဘေဘီဘမ်းမီ...."

"Jackson Hyung?"

အိမ်ထဲဝင်ဝင်ချင်း ကြို ဆိုလာပါသော သူ။
ပါးတို့မားတို့ပါ အံသြသွားပုံထောက် သူ့တို့
ငယ်သူငယ်ချင်းကြီးပြန်လာတာကို မသိသေးဖူးပဲ။

Jackson Wang ဆိုသူသည် ပါးတို့မားတို့၏ တစ်ဦးတည်းသော ငယ်သူငယ်ချင်း တရုတ်ဘောစိကြီးပင် ဖြစ်သည်။
မားပြောပြချက်အရ ကျွန်တော်ဟာ သူထိန်းကျောင်းပြုစုပျိုးထောင်ပေးခံရသည့်  ပထမဦးဆုံး ကလေးတစ်ယောက် ဖြစ်ခဲ့သည်တဲ့။

ငယ်ရွယ်တုန်းကအကြောင်းတွေ မမှတ်မိနိုင်တော့ပေမယ့် လွန်ခဲ့သော ရှစ်နှစ်လောက်က
ပျော်စရာ အမှတ်တရ တစ်ချို့တော့ အောက်မေ့သေးပါသည်။

မိမိပေါ် အဖြည့်ဆည်းပေးနိုင်ဆုံးနဲ့ ပျော်ရွှင်စေသည့် ပုဂ္ဂိုလ် တစ်ယောက်ပင်။

ဥပမာ-ပါးမသိအောင် ကျောင်းကနေလာခိုးထုတ်ပြီး ကစားကွင်းတွေ လိုက်ပို့ပေးတတ်တာမျိုး။

သိပ်ပျော်ဖို့ကောင်းတဲ့ ဆယ်နှစ်အရွယ် ကလေးဘဝ။

ပါးတို့ သူငယ်ချင်းဖြစ်ပေမယ့်လည်း Hyung လို့သာ အမြဲ ခေါ်ခိုင်းခဲ့တာကြောင့်
ခုထိတိုင် နှုတ်ကျိုးနေဆဲ။

"Jack မင်းဘယ်လိုလုပ်ပြီး ဘယ်ကနေ ဘယ်လို...?"

"လာမှာကြိုပြောရောပေါ့ ယူရယ် ..ဒို့တွေလာကြိုမှာပေါ့...."

"တော်ပါ အချိန်ပြည့်ယောက်ျားနားပဲ ကပ်နေပြီးတော့....
ပြီးတော့ ငါက မင်းတို့ဆီလာတာ မဟုတ်ပါဖူးနော်....ငါ့ကလေးကို လာတွေ့တာ...

လာပါအုံး ဘေဘီရ ဒီhyungကြီးက လွမ်းနေတာ....အူးမွ...."

"ယာ့ ဟေ့ ဟေ့ကောင် ငါ့သားကိုမထိနဲ့... ! Bammie က အရင်လို ငါးနှစ်ကလေး မဟုတ်ဖူးကွ...ငာ့သားက မြီးကောက်ပေါက်အရွယ် လူပျိုလေးဖြစ်နေပြီကွ..."

သူငယ်ချင်းဖြစ်သူ ရင်ခွင်ထဲရောက်နေသော သားထွေးလေးကို အတင်းဆွဲထုတ်ကာ သူ့နောက်မှာ ဖွက်ထားလိုက်သည်။

ဒီလိုပါပဲ ကျောင်းတုန်းကတည်းက နှောင်ချိန်တီးလာတာ။
ခုထိလည်း တွေ့တာနဲ့ ကလေးသူငယ်တွေလို ရန်သတ်နေကြပြန်သည်။

💚 Seon Saeng Nim 💚 [Z+U COMPLETED]Where stories live. Discover now