💚Seon Saeng Nim💚

528 39 29
                                    

Episode💚Seven
Markbam🐊🐍

Zawgyi :::

~~ အင်း....

"ဝါး အိပ်​လို့​ကောင်းလိုက်​တာ...အင်း...."

လူ့ သဘာဝ
အိပ်​​ရာနိုး၍မျက်​လုံးပွင့်​ပါ​သော်​လည်း
ချက်​ချင်းမထဖဲ ဟိုလှိမ့်​ဒီလှိမ့်​ လုပ်​တတ်​ကြသည်​မှာ ထုံးစံ။

ထို့​ကြောင့်​ ဘမ်းဘမ်းဆိုသည့်​လူသားလဲ
မပယ်​​ကောင်း​သော အစဉ်​အလာကို
တစ်​​သွေးမတိမ်း လိုက်​နာလျက်
စောင်​ဖြူ ​တွေကြား လုံး​ထွေး​နေပြန်​သည်​။

ထို့​နောက်​ တဂွီဂွီနဲ့ အချက်​ပြလာ​သော
အစာအိမ်​​ကြောင့်
မထချင်​​သော်​ငြားလဲ အပျင်း​ကြောဆန့်​ကာ
စောင်​​တွေ ​ခေါင်းအုံး​တွေ​တောင်​မသိမ်းနိုင်
တော့ဖဲ
ရေချိုးခန်းသို့သာ သုတ်​​ခြေတင်​ရ​တော့သည်​။

ရေချိုးခြင်းကိစ္စ ပြီး​သည့်​နောက်
တီရှပ်​အပြာပါး​လေးနဲ့ ​ပြောက်​ကျား​ဘောင်းဘီတို ​ပေါ့​ပေါ့ပါးပါး​လေး တို့ကိုသာ
တွဲဖက်​၀တ်​ဆင်​ပြီး​နောက်
ဆာ​လောင်​မှုကို ဖြည့်​တင်းရန်​ ထွက်​လာခဲ့
သည်​။

အခန်း​ဖော်​ မင်​ဟိုကို အ​ဖော်​အဖြစ်​ ​ချောဆွဲ
ချင်​​သော်​လည်း သူလဲ ပင်​ပန်းကာ အိပ်​​ပျော်
နေတာ​ကြောင့်​ တစ်​​ယောက်​တည်းသာ ထွက်​လာဖြစ်​သည်​။

အတန်းမှုးဆီ လိုရမယ်​ရ ခွင့်​​တောင်းမယ်​ဆိုကာ အခန်းတံခါး​သွားခေါက်​​တော့လဲ
ပြန်​ထူးသံမကြား။

ပင်​ပန်းလို့ အိပ်​​ပျော်​​နေကြမှာဖဲဟု​တွေးကာ
ထပ်​ပြီး မ​နှောက်​ယှက်​​ဖြစ်​တော့။
ဆရာနှစ်​​ယောက်​ကလည်း ​ဈေးသွား​နေကြ
သည်​ဆို​တော့ ဘယ်​သူ့ကိုမှ ဘာမျှ မ,မှာဖြစ်​ခဲ့ပါ။

ဗိုက်​ကလဲ အ​တော်​ပင်​ ဆာ​လောင်​လာပြီမို့
မြန်​မြန်​သွား မြန်​မြန်​ပြန်​လာ မယ်​ဟု​တွေးကာ
လမ်းထိပ်​သို့ သွက်​သွက်​​လေးသာထွက်​လာ
တော့သည်​။

ပြီး​နောက်​ လမ်းထိပ်​က စတိုးဆိုင်​ထဲ​ရောက်
တော့
ဘာမဆိုင်​ ညာမဆိုင်​ မနက်​ခင်းက
ခေါက်​ဆွဲပြုတ်​အား အငမ်းမရ စားခဲ့​သော
လူကြီးအား သတိရမိကာ ပြုံးမိပြန်​သည်​။

💚 Seon Saeng Nim 💚 [Z+U COMPLETED]Where stories live. Discover now