💚Seon Saeng Nim💚

684 45 41
                                    

Episode💚Thirty-Five
Markbam🐰🐍

Zawgyi :::

"အိုး အငယ်လေး .. Bhuwakul ဘာလို့ အဲ့ရေခရားကြီးကို မ,နေရတာလဲ..? ပေးစမ်းပါ ဖွားငယ်ကို..."

စိုက်ခင်းထဲက ပန်းပင်ငယ်တွေကို ရေလောင်းပျိုးနေတဲ့ Bambamလက်ထဲက ရေခရားကြီးကို ဖွားငယ်က ပြောင်းယူလိုက်သည်။

"သားငယ်ရယ်...အလေးပင်တွေမ,မရဖူးလေ..သတိနဲ့နေပါဆိုတာကို ကိုယ်က မပေါ့မပါးကြီးနဲ့ ဂရုစိုက်မှာပေါ့ "

မပေါ့မပါးဆိုတာကြောင့် သတိပြုမိဟန်ရှိသွားတဲ့ bamဟာ အနည်းငယ် စူးစူးလေးထွက်နေပြီဖြစ်သော ရှပ်အကျီအောက်က သူ့ဝမ်းဗိုက်လေးကို ပွတ်သပ်မိသည်။

"အဲ့တာကြောင့် Bhuwakulလေးကို ပြောတာ ဒီပင်ပန်းတာတွေ မလုပ်ပါနဲ့ဆို... "

Bhuwakul...
Kunpimook Bhuwakul ..
kunpimook ဖိုးဖိုးနဲ့ဖွားဖွားမျိုးရိုးနာမည်လေးပါတဲ့ kunpimook bhuwakul ဘဝသို့ အပြီးအပိုင် ပြောင်းလဲဖြစ်ခဲ့တာ ခုဆို သုံးလတောင် ကျော်လာခဲ့ပြီ..။

"ဒီလို အလေးအပင်တွေ မဆင်မခြင် မ,နေအုံးမယ်ဆိုရင်တော့ မဖြစ်ပါဖူး သားငယ်ကို လယ်ထဲပေးလာလို့ မဖြစ်တော့ဖူးပဲ..."

"တောင်းပန်ပါတယ် ဖွားငယ်..bhuwakul မှားသွားပါတယ်.. "

"ဟုတ်တာပေါ့.. မှန်တယ်..တောင်းပန်တာလက်ခံတယ်..ဒါမယ့်.. ခုချိန်ကစပြီး အိမ်မှာပဲနေရတော့မယ်.."

"ဖွား..."

"ဒါအမိန့်ပဲ..."

ခေါင်းငိုက်စိုက်ကျသွားသည့် bhuwakul လေး။ဖွားငယ်က သူ့ကို စိတ်ပူနေတာ သိပေမယ့်လည်း သူကလည်း သူများအိမ်မှာ အလကားလာနေသလိုဖြစ်နေတာမို့ ကျေးဇူးဆပ်ခြင်း အနေနဲ့ အလုပ်ပြန်လုပ်ပေးချင်နေတာဖြစ်သည်။ဖိုးဖိုးနဲ့ဖွားဖွားက သူ့အပေါ် အလွန်ကောင်းပြီး မေတ္တာတွေပါ ပေးဝေငှသည့်အတွက် တကယ်ပဲ လုံခြုံပြီး နွေးထွေးရသည်။

"သားငယ်လေး..."

"ဗျာ..ဗျာ...?"

"ဘာတွေ တွေးတောနေတာတုန်း.. ဖွားငယ်ပြောတာ ကြားရဲ့လား...? "

"ဟိဟိ သား အတွေးလွန်သွားတယ် တောင်းပန်ပါတယ် ဖွားငယ် ဘာပြောလိုက်တာလဲဟင်..?"

💚 Seon Saeng Nim 💚 [Z+U COMPLETED]Where stories live. Discover now