Part-15

4.6K 229 2
                                    

တဖြည်းဖြည်း နာမည်​ရလာသည်နှင့်​အမျှ Ent သည်လည်း နာမည်​တက်​လာသည်​။ ထို့​ကြောင့်​ Ent ဆီဝင်​ချင်​ကြသူများကလည်း များပြားလာ၏။​စေ နှင့်​ကိုထွဋ်​သည်​လည်း ထိုကိစ္စနှင့်​ပတ်​သတ်​ပြီး အလုပ်​ရှုပ်​နေကြသည်​။

အ​ကြောင်းသည်​ကား လူသစ်​ရွေးပွဲ ကျင်းပရန်​..။​စေ တို့ စီစဉ်​ကြသည်​ကား..​Ent တွင်​သရုပ်​ဆောင်​ပိုင်း​အပြင် ဂီတ ပိုင်းပါ ထားကြရန်​ဖြစ်​သည်​။

ဂီတပိုင်းတွင်​ကျွန်​တော်​တို့ကဲ့သို့ piano,violin စသည်​ကျွမ်းကျင်​သူများအား သပ်​သပ်​၊ vocal ပိုင်းအား သပ်​သပ်​..၊ ထို့ပြင်​band များ..၊ dancer များအား သပ်​သပ်​မွေးထုတ်​ပေးကြရန်​စီစဉ်​နေကြသည်​။

သို့​သော်​ စဉ်းစားသည်​ထက်​ လုပ်​ကိုင်​ရသည်​က ပိုခက်​သည်​မဟုတ်​ပါ​လား..။ ထို့​ကြောင့်​တစ်​ပိုင်းစီ ခွဲကာ လူ​ရွေးပွဲ ကျင်းပ​နေကြသည်​..။ ထို့ပြင်​composer များအားလည်း​ရွေးချယ်​ခေါ်ယူ​နေကြသည်​။

​ရွေးချယ်​ပြီးသည်​နှင့်​ Ent မှ စာချုပ်​နှင့်​ခေါ်ယူ ထားကြ​သော ပညာရှင်​အသီးသီးများက​လေ့ကျင့်​ပေးကြသည်​။​ရွေးချယ်​ပွဲကိုမူ show တစ်​ခုအ​နေဖြင့်​ရိုက်​ကူးတင်​ဆက်​သည်​ဖြစ်​ရာ အသုံးစရိတ်​နှင့်​ဝင်​ငွေကား မျှတလျက်​ရှိ​နေ၏။​

ထိုသူ​ဌေးနှစ်​ယောက်​အလုပ်​လုပ်​ကြပြီဆိုလျှင်​ ထောင့်​စေ့​အောင်​စီစဉ်​တတ်​ကြလွန်းသည်​ကို​တော့ မချီးကျူးပဲမ​နေနိုင်​ပါ..။

ထိုသို့ အလုပ်​များ မူး​နောက်​နေ​အောင်​လုပ်​နေရင်းကြားထဲမှ​ စေ က ကျွန်​တော်​နှင့်​လာ​တွေ့ဖြစ်​အောင်​လာ​တွေ့သည်​။ သို့​သော်​လည်း စကား​လေး​ လေး၊ ငါးခွန်း​ပြောပြီး ပြန်​ပြေးရသည်​ကများသည်​။

ကျွန်​တော်​ကမူ စေ အလုပ်​ကြောင့်​foreign ထွက်​ရလျှင်​ ပွဲတစ်​ခုခုတိုက်​နေ၍ လိုက်​မပို့ဖြစ်​တတ်​သော်လည်း စေ ကမူ ကျွန်​တော် ပြည်ပထွက်ရလျှင် မဖြစ်​ဖြစ်​အောင်​လိုက်​ပို့တတ်​သေးသည်​။

ယခုလည်း အလုပ်​ကြောင့်​စင်​ကာပူ​ပြေးရပြန်​ပြီ..။​စေ​ တော်​တော်​ပင်​ပန်းလွန်း​နေချေပြီ...။ ယခုမူ ကိုထွဋ်​က​ ပြောစရာရှိသည်ဟုဆို၍ ရုံးခန်းထဲသို့ သွားလိုက်​သည်​။

"စေ" (SEASON-1) {Unicode}+{Zawgyi}Where stories live. Discover now