Part-29

4.4K 205 5
                                    

"လွမ်း..."

"အင်း..."

"လွမ်း...တစ်​ခြား... Ent တစ်​ခုဆီ သုံးနှစ်​သွား​နေရမယ်​..."

"ဗျာ.....!!"

"အင်း.. French က Ent နဲ့ ခဏ စာချုပ်​ချုပ်​ပေးရလိမ့်​မယ်​..."

"​စေ..! မ​.. မ​နောက်​ပါနဲ့..။ ဘာကပြဿနာ​တွေဖြစ်​နေလို့လဲ..။ ကျွန်​တော့်​ကို ကာကွယ်​ဖို့လား..?

ဒါဆိုရင်​တော့ မလုပ်​ပါနဲ့..။ စေ.. ကျွန်​တော်​က​စေရဲ့​ ဘေးနား​လေး​နေခွင့်​ရရင်​ကို​ ကျေနပ်​ပါပြီ...။.​ကျေးဇူးပြုပြီး​ စေ ရဲ့အ​ဝေးကို​တော့ တွန်းမထုတ်​ပါနဲ့.."

ကျွန်​တော်​ သွေးရူး​သွေးတန်းဖြင့်​ စကားများစွာကို ဆက်​တိုက်​ဆို​နေမိသည်​..။

~~ ဟင့်​အင်း​ စေ..။ အခုမှ ငါ့တစ်​ဘဝလုံးမင်းကို ပုံအပ်​လိုက်​တာ​လေကွာ...။ အရာရာကို လျစ်​လျူရှုရင်း ဖြတ်​သန်းချင်​သလိုဖြတ်​သန်း​နေတဲ့ ငါ့ဘဝကို မင်းက လာချယ်​လှယ်​တာ​လေ....။

အခု မင်းချယ်​လှယ်​လို့ ဝမှ ငါ့ကို ထွက်​သွားပါ​တော့တဲ့လား..။

​စေ..ငါ ဘဝဆိုတာကြီးကို ဂရုမစိုက်​ပဲ တစ်​ယောက်​တည်းအရွဲ့တိုက်​ဖြတ်​သန်းလာခဲ့တာ..။ အဲ့တာက မင်းနဲ့မ​တွေ့ခင်​လေးပဲ..။

မင်းနဲ့​တွေ့​တော့ အဲ့ဒီဘဝဆိုတာကြီးကို ဂရုစိုက်​တတ်​အောင်​သင်​ပေးခဲ့တယ်​..​။ ပျော်​ပျော်​နေတတ်​အောင်​သင်​ပေးခဲ့တယ်​..။ အခု​ နေတတ်​ထိုင်​တတ်​ရင်း ဂရုစိုက်​တတ်​လာ​တော့မှ ..၊ ငါ့ဘဝကြီးတစ်​ခုလုံးနဲ့မင်းကို ပုံချစ်​မိ​တော့မှ.. ထွက်​သွားတဲ့လား...

​စေ.. မင်းရဲ့ အ​တွေး​တွေကို ဘယ်​တုန်းကမှ ငါမဖတ်​တတ်​ခဲ့သလို.. မင်းဘာဖြစ်​ချင်​နေမှန်းလဲ ငါဘယ်​တုန်းကမှ မသိခဲ့ဘူး...။

အခု​ရော.. ။ ဟင်​..! အခု​ရော မင်းဘာ​တွေကြံစည်​နေတာလဲ..။ ဘာအတွက်​ငါ့ကို တွန်းထုတ်​ချင်​နေတာလဲ...~~

"လွမ်း.. ကိုယ်​တောင်းပန်​ပါတယ်​..။ မင်း သူတို့ဆီ ခဏ သွားအလုပ်​လုပ်​မှကို ဖြစ်​မှာ.."

~~ လွမ်း..​တောင်းပန်​ပါတယ်​..။ ကိုယ်​ဘယ်​လောက်​အားတင်းပြီး​ပြော​နေရလဲ လွမ်းမှမသိတာ...~~

"စေ" (SEASON-1) {Unicode}+{Zawgyi}Where stories live. Discover now