Part-10

6.5K 338 3
                                    

တက်​ညီလက်​ညီ ကြိုးစားရင်းနှင့်​ပင် ပွဲဦးထွက်​အတွက်​ ပြင်​ဆင်​မှုများမှာ ပြီးသ​လောက်​ရှိလာခဲ့သည်​။

"ပုံရိပ်​.. "

"​သြော် ကိုထွဋ်​..."

"ပြင်​ဆင်​နေရတာ ပင်​ပန်း​နေပြီမလား.."

"ကျွန်​တော်​ မပင်​ပန်းပါဘူး...။  ကျွန်​တော်​ဝါသနာပါတဲ့အလုပ်​ကို လုပ်​နေရတာ ပင်​ပန်းတယ်​လို့ကို မထင်​တာ.."

"ဟုတ်​ပါပြီကွာ...။ကဲ က​လေးစုတ်​လေး  ပင်​ပန်း​နေတာ ကိုထွဋ်​သိတယ်​..။ အဲ့ဒီအတွက်​နားရက်​တစ်​ပတ်​ပေးမယ်​...

ဒါ​ပေမယ့်​ အဲ့ဒါပြီးရင်​တော့ အကုန်​အ​ချောပြန်​သတ်​ပြီး Debut အတွက် လုပ်​ရမယ်​..။ ဟုတ်​ပြီ​နော်​..။ အလကား နားရက်​ပေးတာမဟုတ်​ဘူး..။ အား​မွေးခိုင်းတာ.."

"ဟုတ်​ကဲ့.. ကိုထွဋ်​..."

~~ ပြုံးရွှင်​စွာ​နဲ့ ခေါင်းငြိမ့်​ပြ​နေတဲ့ က​လေး​လေး​ရေ..စိတ်​ချပါ...

ကိုယ်​မင်းရဲ့အိပ်​မက်​တွေအတွက်​အစွမ်းကုန်​ကြိုးစား​ပြီး ကူညီ​ပေးမှာပါကွာ...~~

"ပုံရိပ်​..! ကိုထွဋ်​..! "

"​သြော်..​စေ​ ရောက်​လာပြီလား..."

"အင်း..။ ပုံရိပ်​ကို နားရက်​ပေး​ကြောင်း​ပြောပြီးပြီလား.."

"​အေး..၊ ခုပဲ​ပြောပြီးပြီ..."

"Onmm... ပုံရိပ်​ဒါဆို​ည​နေပြန်​မှာလား.."

"ဟုတ်​ကဲ့.."

"ဒါဆို ည​နေ ကိုယ်​လိုက်​ပို့​ပေးမယ်​..။ ပြင်​ထားလိုက်​.."

"အာ..ကို​စေ ကလည်း အားနာစရာကြီး...။ ရပါတယ်​..။ ကျွန်​တော့်​ဘာသာ ပြန်​လိုက်​မယ်​.."

"​ပုံရိပ်​..! ကိုယ်တို့က အားနာစရာလူ​တွေလား...။ ပုံရိပ်​ဒီလို ဆက်​လုပ်​နေမယ်​ဆို ကို​စေ စိတ်​ဆိုးမိ​တော့မယ်​..."

"အာ..အဲ့ဒီလို သ​ဘောမျိုး မဟုတ်​ပါဘူး..။ စိတ်​တော့မဆိုးလိုက်​ပါနဲ့ဗျာ..။ ကို​စေ စိတ်​ဆိုးတာ သံစဉ်​ရှာတဲ့အချိန်​ကတည်းက လန့်​သွားတာ....

ရှာ​နေတဲ့သူက စိတ်​မရှုပ်​ရဘူး..။ သူက​ဘေးက​နေ ကြည့်​ပြီး စိတ်​တွေရှုပ်ပြီး ဒေါသ​တွေထွက်​နေတာ...။​ရွေးခိုင်းမိတာ​တောင်​မှားပြီထင်​တာ..."

"စေ" (SEASON-1) {Unicode}+{Zawgyi}Waar verhalen tot leven komen. Ontdek het nu