~11~

1.5K 102 2
                                    

သာယာ​သော မနက်​ခင်း​လေးတစ်​ခုတွင်​ နေ​ရောင်​ခြည်​နုနု​လေးသည်ကား ကျွန်​တော့်​မျက်​နှာအား ကျီစယ်​ရင်း နိုးထရန်​အချက်​ပြ​နေသည်​။

ထိုစဉ်​...

*တွီ တွီ..*

Message ဝင်သံကြားလိုက်​ရ၍ ဖွင့်​ကြည့်​လိုက်​တော့..

"Morning လွမ်း..."

"Morning​ စေ.."

Message​ လေးကို reply ပြန်​လိုက်​ရင်း ကျွန်​တော်​ နှစ်​နှစ်​ခြိုက်​ခြိုက်​ပြုံးမိသည်​။ ဘယ်​လိုအ​ကြောင်း​ကြောင့်ရယ်​မသိ​ စေ ၏ဘေး​ရောက်​နေလျှင် အလိုလို စိတ်​ပေါ့ပါး​နေတတ်​သည်​။ မည်​သည့်​စိတ်​ကိုမျှ ကွယ်​ဝှက်​နေစရာမလိုပဲ ကျွန်​တော့်​စိတ်​ရင်းအတိုင်း ပြုမူ​နေမိတတ်​သည်​။

စေ သည်မှာလည်း ကျွန်​တော့်​အ​ပေါ် အ​လွန်​ဂရုစိုက်​ခြင်း​ကြောင့်လည်း ပါမည်​ထင်​ပါသည်​။အခြားသူများနှင့်​ဆိုပါလျှင်​တည်​ငြိမ်​နေတတ်​ပြီး မည်​သူမျှ ကျွန်​တော့်​အ​တွေးကို မမှန်းဆနိုင်​သည်​ထိ ကျွန်​တော်​နေ​နေတတ်​သည်​။

သို့ပါ​သော်​လည်း​ စေ​ ၏ရှေ့​ရောက်​ခဲ့လျှင်​ ထို image ကြီးမှာ အလဲလဲအပြိုပြိုဖြစ်​သွားတတ်​သည်​။ မည်​သည်​ကိုမျှ ဖုံးကွယ်​၍မရ.။ တစ်​ခုခုဆိုလျှင်​ စေ ကကြိုပြီးရိပ်​မိ​နေတတ်​သည်​။ တစ်​ခါခါ​ စေ ၏ အပြုအမူ​လေး​များက ကျွန်​တော့်​ရင်​ကို လှုပ်​ခတ်​နေ​စေတတ်​သေးသည်​။

ဘာ​ကြောင့်​ရယ်​မသိ ထိုခံစားချက်​လေးကိုပင်​ ကျွန်​တော်​ကျေနပ်​နေမိသည်​။

ဤခံစားချက်​သည်ကား မည်သည်ကို ရည်ညွှန်းသည်၊ အဘယ်ကြောင့် ဤခံစားချက်​ကြီး​ ပေါ်ထွက်​လာရသည် မသိ​သော်လည်း ဤသည်​ကို ကြည်​နူးမိ​နေသည်​ကို​တော့ဖြင့် ကျွန်​တော်​မငြင်းဆန်​လိုပါ...

ပြန်​အိပ်​လိုစိတ်​လည်းမရှိသည့်​အတွက်​ရေမိုးချိုးကာ ကိုပိုင့်​ဆီထွက်​လာခဲ့လိုက်သည်​။

"ကိုပိုင်​..."

"ဟာ..ပုံရိပ်​..။ ဘယ်​တုန်းကပြန်​ရောက်​တာလဲ.."

"မ​နေ့က..​"

"ဟုတ်​လား..။ တစ်​ယောက်​တည်းပြန်​လာတာလား..။ ကိုပိုင့်​ကို​တော့ မ​ခေါ်လိုက်​ဘူးကွာ..။ကိုပိုင်​လာကြိုမှာ​ပေါ့.."

"စေ" (SEASON-1) {Unicode}+{Zawgyi}Where stories live. Discover now