Part - 2

3.4K 84 2
                                    

Bi

Part (2)

ဟူးခနဲ သက်ပြင်းကို ချကာ အိပ်ယာထဲ ပြန်လှဲလိုက်ပါရဲ့။ ရင်တွေ တဒိန်းဒိန်း ခုန်နေဆဲ။ မျက်လုံးထဲမှာ ခုဏက အိပ်မက်ထဲမှ ပုံရိပ်တို့ ပေါ်လို့လာ ပြန်တာမို့ မျက်စိတွေကို အတင်းမှိတ်ကာ ခေါင်းကို ခါထုတ်လိုက်မိ ပြန်ပါတယ်။ [သွားစမ်း။ မင်းထွက်သွား။ မင်းငါ့နားကို မလာနဲ့။ မင်း အဝေးဆုံးကို ထွက်သွား။]

မိုးလင်းကာနီး အထိအိပ်လို့ မပျော်တော့တာမို့ ထက်ကို အိပ်ယာမှ ထကာ မျက်နှာသစ် ထမင်းကို ပေါင်းအိုးနဲ့ တည်ထားလိုက်ပြီး ဘုရားဝတ်ပြုရန် သောက်တော်ရေချမ်းများ လဲနေတုန်း ကြီးမေ အိပ်ယာကနေ နိုးလာပါတယ်။ အချိန်က မနက် (၅) နာရီကျော်ပြီလေ။

"သား အစောကြီး နိုးနေပါလား။ ထူးထူးဆန်းဆန်း။"

"ဟုတ်တယ် ကြီးနေရေ။ အိပ်မပျော်တာနဲ့ ထမင်းအိုးထတည်ပြီး ဘုရားဝတ်ပြုမလို့ လုပ်နေတာ။"

ကြီးမေက သူမဆံပင်တွေကို ဆံထုံးပြင်ထုံးလိုက်ပြီး

"အေး၊ အေး။ ကြီးမေ မျက်နှာသစ်ပြီးရင် ဟင်းလေး နွေးပြီး ထမင်းချိုင့်ပြင်ထား ပေးမယ်။ သား အေးဆေး ဘုရားဝတ်ပြုလှည့်။"

"ဟုတ်ကဲ့ ကြီးမေ။"

ကြီးမေ အနားက ထွက်သွားတော့ ဘုရားကျောင်းဆောင် ပေါ်မှာ အမွှေးတိုင်၊ ဖယောင်းတိုင်တို့ ထွန်းလိုက်ပြီး ဘုရားကို သေချာထိုင်ကာ ဝတ်ပြု နေလိုက် မိပါတယ်။ အာရုဏ်ပြုနေရင်း ဘုရားစာကို နှုတ်ကနေ ခပ်တိုးတိုးလေး အသံထွက်ကာ ရွတ်နေရင်းက အာရုဏ်ထဲမှာ ပေါ်လာတဲ့ ပုံရိပ်တစ်ခု။ ထက်ကို မျက်လုံးကို ဖျတ်ခနဲ ဖွင့်လိုက်ရင်း ဘုရားဆင်းတုတော်ကို လှမ်းဖူးမျှော်လိုက်ရင်းက သက်ပြင်းကို ချလိုက်မိပြန်ပါတယ်။ ဟူး .... မလွယ်ပါလားနော်။

ဘုရားဝတ်ပြုပြီး အတော်လေးကြာမှ မေသူ အိပ်ယာထလာပြီး သမီးလေးကို ကြီးမေ အခန်းထဲကနေ သွားနှိုးပြီး မျက်နှာသစ် ကိုယ်လက်သန့်စင် အဝတ်အစားလဲ ပေးကာ မနက်စာ စားဖို့ ပြင်ကြပါတော့တယ်။

"ကို ညက လန့်နိုးပြီးထဲက ပြန်မအိပ်တာ ထင်တယ်။ ဟုတ်လား။"

မေသူက မနက်စာ ထမင်းကြော်လေး စားနေရာမှ ဇွန်းကို ချလိုက်ကာ ထက်ကိုကို ကြည့်ရင်း မေးလာတာမို့

BI Where stories live. Discover now