Part - 7

1.8K 53 4
                                    

Bi

Part – 7

အတူယှဉ်တွဲနေတဲ့ မျဉ်းပြိုင် နှစ်ကြောင်းကို ထိပ်တိုက်တွေ့ဆုံစေဖို့ အောက်ခြေကို ချဲ့ကားပေးမယ့် မျဉ်းတစ်ကြောင်းကတော့ လိုအပ်စမြဲပါ။

အဲဒီ့ မျဉ်းကြောင်းကို ကို့ကိုယ်ကို သတိမထားမိခင်မှာပဲ ကျမ ကိုယ်တိုင်ရေးဆွဲခဲ့ မိတာကတော့ အဆိုးဆုံး ဖြစ်ရပ် တစ်ခုပေါ့။

(မေသူလွင်)

မြင်လိုက်ရတဲ့ အရိပ်နှစ်ခုက မျက်လုံးထဲမှာ သေချာ မသည်းကွဲ ပေမယ့် ယောက်ျားလေး နှစ်ယောက်ဆိုတာ သိနေတာမို့ ရင်ထဲမှာ ထိပ်ခနဲဖြစ်သွား ရပါတယ်။ ကိုများလားပေါ့။ ဟင် အရိပ်နှစ်ခု ကပ်သွားပြီး ငြိမ်သက်သွားတာမို့ မေသူ မျက်မှောင်ကို ကျုံ့ရင်း အာရုဏ်စိုက်ကာ ကြည့်လိုက်မိပါတယ်။ ရင်ဘတ်ထဲမှာ မြည်သွားတဲ့ အသံကဝုန်းခနဲ ရင်ဘတ်ထဲကနေ တစ်ဆင့် နားထင်စီသို့ တက်စောင့်လို့ သွားပါရဲ့။ ခေါင်းထဲမှာလဲ မိုက်ခနဲ။

"မငိုပါနဲ့ ကောင်လေးရာ။ အကိုတို့က ဖြစ်မှ မဖြစ်နိုင်တာ။ ဒီတိုင်းပဲ နှုတ်ဆက်ပြီး လမ်းခွဲကြတာပေါ့။"

ဘုရားရေ။ ဒါ ကို့ အသံမှ ကို့အသံ စစ်စစ်။ ကောင်လေးတဲ့ ကိုဖက်နေတာ ဘယ်သူလဲ။ မိန်းကလေး တစ်ယောက်မဟုတ်တာတော့ သေချာ နေပြီ။ ဒါဆို ကိုက ယောက်ျားခြင်း စိတ်ဝင်စားနေသူ တစ်ယောက်ပေါ့။ ဟာ ရုတ်တရက် သတိရသွားပြီး နောက်ပြစ်ထားတဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ဖုန်းမှ ဓါတ်မီးကို ဖွင့်ကာ မီးနဲ့ ရပ်နေတဲ့ သူတို့ နှစ်ယောက်ကို လှမ်းထိုးကြည့်လိုက်ပါတော့တယ်။ မီးရောင်ကြောင့် ပူးကပ်နေရာကနေ ခွါလိုက်ပြီး အပေါ်ကို မော့ကြည့်လာချိန်မှာတော့ သူမ ဘယ်လိုမှ ထင်မထားတဲ့ သူတစ်ယောက်ဖြစ်နေပါရဲ့။

"ထွန်းတောက် .... တောက် ... နင် နင် တို့ ...."

"ဟာ မမ။"

"မေသူ။"

"မခေါ်နဲ့။ မ ခေါ် နဲ့။ ကျမနာမည်ကို ရှင်မခေါ်နဲ့။ သွား သွား ရှင်ထွက်သွား။ သွား။"

ထက်ကို လှေကားပေါ်ကို ပြေးတက်သွားပြီး မေသူ့ ပါးစပ်ကိုပိတ်ကာ အခန်းထဲ ပြန်တွန်းထည့် လိုက်ပါတယ်။ ပြီးတော့ အခန်းတံခါးကို ပြန်ပိတ်မလို့ လုပ်တုန်း နောက်ကတက်လာတဲ့ ထွန်းတောက် ဝင်လာတာမို့ ထွန်းတောက်ကို ဝင်ခိုင်းလိုက်ပြီး အခန်းတံခါးကို ပြန်ပိတ်လိုက်ပါတယ်။ အိမ်ထဲရောက်တော့ အသံကြား လို့ ထလာတဲ့ ကြီးမေကို ထက်ကို မျက်ရိပ်ပြလိုက်တာမို့ အခန်းထဲပြန်ဝင်သွားပါတယ်။ မေသူက ထက်ကိုကို အတင်းပြန်တွန်းထုပ်နေတာမို့ ထက်ကို မေသူ့ကို စောင့်တွန်းလိုက်တာ ဧည့်ခန်းက ဆိုဖာဆက်တီပေါ် ပစ်လဲကျသွားပါတော့တယ်။

BI Where stories live. Discover now