Part - 10

1.6K 45 0
                                    

Bi

Part - 10

အင့်ခနဲ ထွက်လာတဲ့ အသံက မိုးသက်စီကပါ။ ထွန်းတောက် မျက်နှာ တစ်ဖက်ကို လွှဲထားလိုက် ရင်း လက်သီးကို ကျစ်ကျစ် ပါအောင် စုပ်ထားမိပါတယ်။
"ဒေါက်"
ဒီအသံက ဒီတစ်ခါ ခပ်ကျယ်ကျယ် ထွက်လာပေမယ့် ထွန်းတောက်လှည့်မကြည့်ဖြစ်ပါ။
မိုးသက် ချိုင်းထောက်ကို စောင့်ကာ ထောင်လိုက်ရင်း အားပြုကာ ကုန်းထလိုက်ပါတယ်။ မျက်နှာမှာလည်း နာကြည်းမှုတွေက ပြုံးသယောင်ဟန်ပြင်ကာ ခပ်မဲ့မဲ့ ဖြစ်လို့နေပါတယ်။
"မင်း ကတိ မတည်တာပဲ ထွန်းတောက်။ ဘာလဲ မင်း ဒီကောင့်ကို ကြွေသွားတာလား။ ဟား ဟား ဟား ဟား ဟား ဟား ဟား ဟား......"
ထွန်းတောက် အံကိုဖိကျိတ်ထားလိုက်မိပါတယ်။ ပြော ပါစေ။ သူစိတ်ချမ်းသာတဲ့အထိ ပြောရုံမကလို့ ရိုက်သတ်ပစ်လဲ ထွန်းတောက်က ခံရမယ့်သူလေ။ မိုးသက် ဆိုတာက ထွန်းတောက်နဲ့ ထွန်းတောက် အဖေပေါ်မှာ အသက်ကြွေး တင်ထားသူပေါ့။ ဒါတင်လား ဆိုတော့ မဟုတ်သေးပါဘူး။ ထွန်းတောက်ရဲ့ အဖေကိုလည်း အများကြီး ကူညီပေးထားတာလေ။ အဲဒါတွေ အားလုံးအတွက် ဘယ်တော့မှ ကျေးဇူးအတင် မခံတဲ့ မိုးသက်။
အဲ့ဒါတွေ အားလုံးအတွက် ထွန်းတောက်ကို တစ်ခုထဲ ခိုင်းခဲ့တာ။ အဲဒီ့တာဝန်ကို ထွန်းတောက် နှလုံးသားနဲ့ ရင်းပြီး ကျေပွန်ခဲ့တာပဲ။ တော်လောက်ပြီလေ။ ဒါမှ မကျေနပ်ရင် သူပေးခဲ့တဲ့ အသက်ကို သူပြန်ယူသွား ပါစေတော့။ အကြွေးတင်နေတာကြီးက နေရခက်စေတယ်လေ။
"မင်းငါ့ကို ကြည့်စမ်း ထွန်းတောက်။"
ထွန်းတောက်မျက်နှာကို လွှဲထားမြဲ လွှဲထားလျက်ပါပဲ။
"ငါ့ကို ကြည့်လို့ပြောနေတယ်လေ။"
မိုးသက် က ထွန်းတောက် အင်္ကျီရင်ဘတ်ကို ဆွဲကာ အော်လိုက် တာမို့ ထွန်းတောက် လှည့်ကြည့်လိုက်ပါတယ်။
မိုးသက်က မဲ့ခနဲပြုံးလိုက်ရင်း
"ငါမေးတာဖြေ။ မင်း ဒီကောင့်ကို ကြွေသွားတာလား။"
ထွန်းတောက် အသက်ကို ဝအောင် ရှုသွင်းလိုက်ရင်း
"ဒါက ခများနဲ့ မဆိုင်ဘူးလေ။ ကျုပ်ကိစ္စပါ။"
"ဘာကွ။ မင်း ဘာပြောလိုက်တယ် ထွန်းတောက်။ ဟမ်။ ဒီမှာ ကြည့်စမ်း ကြည့် ဒီမှာကြည့်။ ခြေထောက်တစ်ဖက် နဲ့ အသက် ၂ ချောင်း အတွက် မင်းအခု လုပ်ခဲ့တာ တန်လား။ တန်လား။ ဟမ် တန်လား။"
"မသိဘူး။ မသိဘူး။ မသိလဲ မသိချင်ဘူး။ ကိုမိုးသက် နေဦး။"
ထွန်းတောက် အနားကနေ ဝုန်းခနဲ ပြေးထွက်သွားပါ တော့တယ်။
"ဟေ့ကောင် ပြန်လာစမ်း။ အခုပြန်လာ။"
ထမင်းစားခန်းဖက်ကို ပြေးထွက်သွားတဲ့ ထွန်းတောက် ချက်ခြင်းပဲ ပြန်ထွက်လာပါတယ်။ လက်ထဲမှာလည်း ဓါးတစ်ချောင်းကို ကိုင်လို့။
မိုးသက် နားကို ရောက်တော့ မိုးသက်ရဲ့ လက်ကို ကိုင်ကာ လက်ထဲကို ဓါးကိုအတင်း ထိုးထည့်ပေးရင်းက
"ရော့ သတ်လိုက်။ ခများ ကျနော့်ကို သတ်လိုက်။ ခများ ကိုယ်တိုင် မသတ်ရင် ကျနော် အခုကို့ဖာကိုပြန်ထိုး ပစ်မှာနော်။ ရော့ ယူ။"
"ဟေ့ကောင် ငါ့လက်ကို လွှတ်စမ်း။ ဖယ်။ ငါ့ကို ခြေပြတ်ရုံနဲ့ အားမရလို့ ထောင်ထဲ ထပ်ထည့်နေတာလား။ ဖယ်စမ်း။"
မိုးသက် သူ့လက်ကို ရုန်းနေပေမယ့် ထွန်းတောက်က မိုးသက် လက်ကို ချုပ်ကိုင်ကာ ဓါးကို လက်ဖဝါးထဲ အတင်း ထိုးထည့်နေပါတယ်။
"ရော့ သတ်ပစ်စမ်းပါဗျာ။ ခများပေးထားတဲ့ အသက်နဲ့ ကျုပ်အသက်မရှင် ချင်ဘူး။ ခများကိုယ်တိုင် ပြန်သတ်။ သတ်။ သတ်ပစ်ဗျာ။ သတ်ပစ်။"
ထွန်းတောက်အသံတွေက ခံပြင်းမှုတွေ ဒေါသတွေ နဲ့ တုန်ခါကာ ကျယ်လောင်နေပါတယ်။ ဒီဘဝကြီးကို သူ တစ်ကယ်မပျော်တော့ဘူး။ ရုပ်ခန္ဓာရပ်တည် ရှင်သန်ဖို့ ပေးဆပ်လိုက်ရတာ နှလုံးသားနဲ့။ နှလုံးသား အသေကြီးနဲ့ စက်ရုပ်တစ်ခုလို ရှင်သန်ခြင်းဟာ ဘဝကို အဓိပ္ပါယ် ရှိစေရဲ့လား။
မိုးသက် ထွန်းတောက်ကို ပြောမရတာမို့ ကျန်လက်တစ်ဖက်နဲ့ တွန်းထုတ်လိုက်ပါတယ်။ ထွန်းတောက် ခြေထောက် တစ်ဖက်အရွှေ့မှာ မိုးသက်ရဲ့ ချိုင်းထောက်အောက်ခြေကို ကန်မိသလို ဖြစ်သွားတာမို့ ပက်လက်လန် ကျသွားတဲ့ ထွန်းတောက်ပေါ်ကို မိုးသက်ပါ ထပ်လျက် ပြုတ်ကျသွားပါတော့တယ်။
"အ့"
ဒီတစ်ခါ အသံထွက်လာသူက ထွန်းတောက်။ မိုးသက် ထပ်လျက် ဖြစ်နေရာမှ ထွန်းတောက်မျက်နှာကို အနီး ကပ်ကြည့်လိုက်မိရင်း တစ်စုံတစ်ခုကို သတိရလိုက်တာမို့ ငုံ့ကြည့်လိုက် မိပါတော့တယ်။
ထွန်းတောက်ရဲ့ ဘယ်ဖက်ရင်အုံပေါ်မှာ မိုးသက်လက်က ဓါးရိုးကို ကျစ်ကျစ်ပါအောင် စုပ်ကိုင်ထားလျက်။ ဓါးအသွားက မမြင်ရတော့။ ထွန်းတောက် ဝတ်ထားတဲ့ ရှပ်အင်္ကျီ အပြာလေးပေါ်မှာ တစိမ့်စိမ့်နဲ့ စီးလာနေတဲ့ အနီရောင်သွေး ပစ်ပစ်များ။
"ဟင်"
ထွန်းတောက်ကို ကြည့်လိုက်တော့ ထွန်းတောက်က ကျေနပ်စွာ ပြုံးလို့နေပါတယ်။ ဒါပေမယ့် ထွန်းတောက် မျက်လုံးတွေက တခြားနေရာကို ကြည့်လျက်။ သူကြည့်နေတဲ့ နေရာမှာ ဘာရှိနေတယ်ဆိုတာ မိုးသက် သေသေချာချာ သိတာပေါ့။
အဲဒီ့နေရာမှာ ချိတ်ထားတာ ဓါတ်ပုံအဟောင်းလေး တစ်ပုံ။ အဲဒီ့ပုံမှာ ကောင်လေး နှစ်ယောက် မျက်နှာပြောင် လေးတွေနဲ့ ရီမောရင်း ရိုက်ထားကြတာ။ အဲဒီ့ နှစ်ယောက်က မိုးသက်နဲ့ ထက်ကို။
"ထွန်းတောက်။ ထွန်းတောက်။ မဟုတ်ဘူးလေ။ ငါမလုပ်ဘူး။ ငါလုပ်တာ မဟုတ်ဘူးလေ။ နေဦး။ နေဦး။ ခနနေဦး။"
မိုးသက် ထက်ကို ကိုယ်ပေါ်ကနေ ဘေးကို လှိမ့်ချ လိုက်ရင်း ထထိုင်လိုက်ပါတယ်။
"ထွန်းတောက်။"
"အွတ်။"
ထွန်းတောက် ကိုယ်လုံးကို အသာလေး တွန်းလိုက် တာနဲ့ ပါးစပ်ကနေ အွတ်ခနဲ မြည်ကာ သွေးတွေ စီးကျ လို့လာပါတော့တယ်။
"ဟာ ဒုက္ခပါပဲ။ ထွန်းတောက်။"
မိုးသက် ထိုင်ရာမှ ဖင်တရွတ်တိုက်ခါ ခုနက စားပွဲပေါ် တင်ထားတဲ့ ဖုန်းစီကို သွားလိုက်ပြီး ဖုန်းကို လှမ်းယူ လိုက်ပါတယ်။
ပြီးတော့ ဖုန်းနံပါတ် တစ်ချို့ကို ကောက်နှိုပ်လိုက်ပါ တော့တယ်။
"တိ.တိ.တိ...."
............................................
"ဟယ်လို။"
"ဟယ်လို လုပ်မနေနဲ့ ထက်ကို ငါဒီမှာ ဗိုက်ဆာလို့ သေတော့မယ်။ အခုထိ မလာသေးဘူးလား မင်းက။"
"လာပါပြီကွ။ မင်းကလဲ ငါဒီမှာ ဆော်နဲ့ကျူနေတာ။ ဟီး လာပြီ လာပြီ။ ခနလေးစောင့်။ ခုထွက်လာပြီ။"
"ခွေးကောင် ပြောလိုက်ရင် ဒီလိုချည်းပဲ။ မင်းလည်း ဒါနဲ့ပဲ သေမယ့်ကောင်။"
ထမင်းသွားစားမလို့ စောင့်နေတာ အိမ်သာထဲ ဝင်သွားရင် တော်တော်နဲ့ ထွက်မလာတက်တာ ထက်ကို အကျင့်။ ဒါကို သိလို့ ဖုန်းဆက်ခေါ်တော့မှ ရေးကြီး သုတ်ပြာနဲ့ ပြေးထွက်လာပါတယ်။ ပြေးလာတာလည်း ထော့ကျိုး ထော့ကျိုးနဲ့။ ခြွေးတွေလဲ ထွက်လို့။
"ဘာဖြစ်တာလဲ ခြေထောက်က။"
"ထိုင်တာ ကြာသွားလို့ ဒူးနာသွားလို့ပါကွာ။ မင်းကလည်း။"
စပ်ဖြီးဖြီးလေး ထက်ကို ပြောလာတော့ မိုးသက်က
"ခြွေးတွေလည်း မနဲပါလား။ မင်းပြောတော့ ဆော်နဲ့ ကျူနေတာဆို။"
"အေးလေ။ ဘာဖြစ်လို့လဲ?"
"မဟုတ်မှလွဲရော။ မင်း ဆော်နဲ့ ဟိုလိုတွေ ...! "
"ဟာ ခွေးကောင်"
"ဟားဟားဟား"
မိုးသက် ရှေ့က ပြေးထွက်သွားရာနောက်ကို ထက်ကို ပြေးလိုက်သွားပါတော့တယ်။ ထမင်းဆိုင်ရောက်တော့
မိုးသက်က
"ဟေ့ကောင် လက်ကို သေချာသွားဆေးနော်။ မညစ်ပတ်နဲ့။"
"အေးပါကွာ မင်းကလဲ ဟဲ ဟဲ။"
ထက်ကို ဘေစင်မှာ လက်ကို ဆေးလိုက်ပြီး မိုးသက် ဘေးမှာ လာထိုင်လိုက်ပါတယ်။ ပြီးတော့မှ ဘောင်းဘီ အိပ်ကပ်ထဲက ဖုန်းကို ထုပ်လိုက်စဉ်မှာပဲ  မိုးသက် လှမ်းဆွဲ လိုက်တော့ ထက်ကို လက်ကို အတင်းရုန်းရင်း
"လူကိုခင်ရင် ဖုန်းကို မကိုင်ပါနဲ့။ ဟဲ ဟဲ။"
"မင်းကလေ မင်းဖုန်းကို ကိုင်မှာ အသေကြောက်တာ နော်။ ကို့ သူငယ်ချင်း အချင်းတောင် ဒီလောက် ကပ်စေးနဲ မနေနဲ့ဟေ့ကောင်။ ငါ့မှာလဲ ရှိတယ် သိလား။"
"သိပါတယ် ဘောစိရယ်။ ဘာ့ကြောင့်မှ မဟုတ်ပါဘူး။ ဟီး ဒီလိုပါပဲ။ ကဲ လာပြီ ဆွဲမယ် ဟေ့ကောင် ကြာတယ်။"
မိုးသက် နှုတ်ခမ်းကို အသာမဲ့ရင်း ထမင်းစားဖို့ ပြင် လိုက်ပါတော့တယ်။ အမြဲတမ်း သူ့ဖုန်းကို သူများကိုင် မှာ သိပ်ကြောက်တဲ့ ထက်ကို စီမှာ လျှို့ဝှုက်ချက် တစ်ခု ရှိနေမယ် ဆိုတာတော့ အသေအချာပါပဲ။
ညအိပ်ရင်တောင် ခေါင်းအုံးအောက် ထိုးအိပ်သလို ကျန်တဲ့ အချိန်တိုင်းမှာလဲ လက်ထဲက မချတက်တဲ့ ထက်ကို။ မိုးသက် စိတ်ထဲကနေ ကြုံးဝါးလိုက်မိတာက "ကြည့်ထား တစ်နေ့ မင်းဖုန်းကို ငါမရရအောင် ဖွင့်ကြည့်ပြမယ်" လို့ပေါ့။
"ရော့ ဒါလေးစား။ စားလေကွာ ဘာတွေ တွေးနေတာ လဲ။"
ပုဇွန်ထုပ်ဟင်းနဲ့ စားတိုင်း မိုးသက် အကြိုက်ခေါင်းလေးတွေကို ခြွေပြီး မိုးသက်ကို ထည့်ပေးနေကျ။ ကြက်အသည်းအမြစ်စားတိုင်း မိုးသက်အကြိုက် အသည်းလေးတွေ ထည့်ပေးနေကျ။ ဒီလိုပဲ အမြဲတမ်း နောက်ပြောင်နေပေမယ့် ဂရုစိုက်တက်တဲ့ သူငယ်ချင်း အချောလေး ထက်ကိုကို ကြည့်ရင်း မိုးသက် သက်ပြင်းသာချ လိုက်မိပါတော့တယ်။
ဘဝမှာ မိုးသက် အလိုချင်ဆုံး ဆုတစ်ခုကိုသာ တောင်းပါဆိုရင် ထက်ကို ကိုပဲ တောင်းမိမှာပါ။

BI Where stories live. Discover now