Part - 6

1.9K 47 3
                                    

Bi

Part – 6

"ငါစိတ်တွေ ညစ်နေတယ် ခိုင်သွဲ့ရာ။"

"အေးလေကွာ။ မင်းစိတ်ညစ်တာ ဘာလို့လဲ ဆိုတာ ပြောပြမှ ငါသိမှာပေါ့။ သိမှလည်း ဝိုင်းအကြံပေးလို့ ရမှာပေါ့ကွာ။"

ထက်ကို သက်ပြင်းကို ချလိုက်ရင်း ခေါင်းငြိမ့်ပြလိုက်ပြီး

"ပြောမှာပေါ့ကွာ။ တစ်ခြားသူကိုလည်း ပြောပြလို့မရလို့ မင်းစီကို ရောက်အောင်လာခဲ့တာပေါ့။ ဒီလိုကွာ ..."

ဒီလိုကွာ ဆိုပြီး ပြောရမှာ ပါးစပ်က မထွက်ပြန်ဘူး။ ထက်ကိုကို ကြည့်ရင်း ခိုင်သွဲ့က

"မင်းကိစ္စက ကောင်လေး တစ်ယောက်ယောက်နဲ့ ပက်သက်နေလို့လား။"

ထက်ကို ပက်လက်လှန်နေရာကနေ ငေါက်ခနဲနေအောင်ထ ထိုင်လိုက်ပါတယ်။ ပြီးတော့ မျက်လုံးပြူးကြီးနဲ့ ခိုင်သွဲ့ကို ကြည့်ရင်းက

"မင်း ဘယ်လိုလို့ သိတာလဲ ခိုင်သွဲ့။"

"သိတာတော့ မဟုတ်ပါဘူး။ မင်းငါနဲ့ပဲ ပြောလို့ ဖြစ်တဲ့ ကိစ္စလို့ ပြောလို့ ငါမှန်းကြည့်တာ။ ထားပါတော့ ကဲ မင်းပြောမယ့်ဟာသာ ပြောစမ်းပါ။"

"ငါ့စီကို ကောင်လေး တစ်ယောက် ရောက်လာတယ်။ သူ့ကို အလုပ်လေ့လာဖို့ သူ့အဒေါ်က လာအပ်တာ။ မေသူကလည်း အတင်းလက်ခံဖို့ ပြောလို့ ငါလက်ခံလိုက်တာ။ သူစရောက်လာတည်းက သူ့ အကြည့်တွေ ငါသဘောမကျဘူး ခိုင်သွဲ့။ ဘယ်လိုပြောရမှန်း မသိပေမယ့် ငါစိတ်ထဲမှာ ဘယ်လိုမှ ခံစားလို့ မရတာမျိုးကွာ။"

ထက်ကို စကားကြောင့် ခိုင်သွဲ့ မဲ့ခနဲ တစ်ချက်ပြုံးလိုက်ရင်း

"ငါတို့စခင်ကာစက မင်းကို ငါကြည့်ခဲ့ သလိုမျိုး လား။ ဟက်ဟက်။"

"Right. ဟုတ်တယ်။ အဲ့ထက်ကို ဆိုးတယ်။"

"ငါပေါက်ပြီ။ ကဲ ဆက်ပြောပါဦး။"

"သူ့ကို ပထမဆုံး ခေါ်သွားတဲ့ နေ့ထဲက စပြီး ပြသနာ တက်တော့တာပဲ။ သူက ငါ့ကိုပဲ တစ်ချိန်လုံး လိုက်ပြီး စိုက်ကြည့်နေတာ ငါအလုပ်လုပ်ရတာ အဆင် မပြေဘူး။ အဲဒီတော့ ငါလည်း အမြင်မကြည်တော့ အဲဒီ့နေ့မှာပဲ ဆူလွှတ်လိုက်တယ်။"

BI Dove le storie prendono vita. Scoprilo ora