2.2K 166 23
                                    

ဒေါက်​ ​ဒေါက်​ ​ဒေါက်​ !!!

' ဆရာအို .... ´

အတန်းထဲမှာ ကျွန်​​တော်​စာပြ​နေတုန်း တံခါးကို ​ခေါက်​ကာ လှမ်း​ခေါ်လိုက်​တဲ့ ဆရာမဟွမ်​ ​ ​ကြောင့်​​ကျောင်းသား
တွေကို တစ်​ချက်​လှည့်​ကြည့်​လိုက်​ပြီး .....

' ဒီ ပုဒ်​စာကို ရ​အောင်​​ဖြေရှင်းထားကြပါ .... ဆရာ မကြာ
ခင်​ ပြန်​လာခဲ့မယ်​ .....´

' ဟုတ်​ကဲ့ ....´

က​လေး​တွေအားလုံးကတညီတညာတည်း ​ဖြေလိုက်​တော့
ကျွန်​​တော်​လက်​ထဲက​မြေဖြူကို ချပြီးစာသင်​ခန်းထဲမှထွက်
လာခဲ့လိုက်ေ​​​တာ့ အပြင်​မှာ ရပ်​​စောင့်​​နေတဲ့ ဆရာမဟွမ်
က အတန်းထဲကို တစ်​ချက်​လှမ်းကြည့်​လိုက်​ရင်း .....

' အိုးမိုး .... ငါတို့ရဲ့ ဆရာအို က​တော့ ကံ​ကောင်းလိုက်
တာ တစ်​​ကျောင်းလုံးမှာ ဘယ်​ဆရာ ၊ ဆရာမ မှ ကြာကြာ
မခံတဲ့ တန်းခွဲ ၂ မှာ သုံးလ လုံးလုံး အတန်းပိုင်​ လုပ်​တာ ဘာ ပြဿနာမှ မဖြစ်​ဘူးပဲ ..... ´

ဆရာမဟွမ်​ ရဲ့ ချီးကျူးစကား​ကြောင့်​ ကျွန်​​တော်​ မ​နေ
တတ်​စွာ လည်​ပင်းကိုလက်​နဲ့ ပွတ်​ရင်း ....

' မဟုတ်​တာ ဆရာမဟွမ်​ ကလဲ .... ကျွန်​​တော့်​က​လေး
တွေက အရမ်းမဆိုးပါဘူး .... ​သေ​သေချာချာ လမ်းညွှန်
ဆုံးမ​ပေးရင်​ ​ကောင်း​ကောင်း လုပ်​ကြပါတယ်​.... ´

' အိုးမိုး ... အိုးမိုး ..... ဆရာအို .... က​လေး​တွေကို
အရမ်း အ​ကောင်းမြင်​တာပဲ .... ဘာပဲ ဖြစ်​ဖြစ်​ ဒီက
လေး​တွေ အရမ်းကံ​ကောင်းတာပဲ .... ဆရာအို့ လို သ​ဘောလဲ​ကောင်း စိတ်​လဲရှည်​ ရုပ်​ရည်​ကလဲ ........´

' ဒါနဲ့ ..... ဆရာမဟွမ်​ ......´

ဆရာမဟွမ်​ ရဲ့ မပြီးနိုင်​​တော့တဲ့ ချီးကျူးစကား​တွေရဲ့ ထုံး
စံကို သိ​နေတာ​ကြောင့်​ မ​နေသာ​တော့ပဲ စကားစဖြတ်​ကာ
ခေါ်လိုက်​​ပြီး ....

' ကျွန်​​တော့်​ကို ​ပြောစရာရှိလို့လာတာမဟုတ်​လား ....
ဘာကိစ္စများလဲ ..... ​အ​ထွေအထူး ​ပြောစရာမရှိ​တော့ရင်
ကျွန်​​တော်​ အတန်းထဲကို ......´

ရစ်​မူး​စေခဲ့​သော ပြင်းရှရှဝိုင်​တစ်​ခွက်​Where stories live. Discover now