ဆယ်ဟွန်း ကားလေးကို ထိုးရပ်လိုက်ပြီး မှတ်လာ
တဲ့လိပ်စာကို တစ်ခေါက်ပြန်ကြည့်လိုက်တယ် ...လိပ်စာအတိုင်း လာခဲ့ပေမယ့် အရှေ့မှာ သံပန်းတံခါးလှလှ တစ်ခုက ကာရံထားပြီး အထဲမှာ လမ်း
လေး တစ်ခုသာရှိနေတယ် .....ကိုယ်ရှာနေတဲ့ အိမ်ကိုရောက်မလာဘူးလားလို့ တွေးမိရင်း တံခါးဘေးက လိပ်စာကို ကြည့်လိုက်
တော့လဲ မှားနေတာမဟုတ် ......သံပန်းတံခါးကို ကိုင်ပြီး အထဲမှာ တစ်ယောက်ယောက်ရှိလိုရှိငြား ကြည့်လိုက်မိပေမယ့်လဲ မျက်စိတစ်ဆုံး လူတစ်ယောက်မပြောနဲ့ သစ်ပင်တစ်ပင်တောင်မရှိ .....
' ဟူး ..... ဒီလိပ်စာမှန်ပေမယ့် .... အိမ်ကိုရှာမတွေ့ဘူး .... ဒီကပဲ လှည့်ပြန်ရမယ်ထင်ပါရဲ့ ....´
တီးတိုးရေရွတ်ရင်း ကားပေါ်ပြန်တက်ကာ စက်နှိုး
လိုက်ပြီး ပြန်မောင်းထွက်တော့မယ့် အချိန်မှာပဲ တ
ကျွီကျွီ အသံပေးရင်း စေ့ပိတ်ထားတဲ့ သံတံခါးနှစ်ချပ်က တစ်ဖက်တစ်ချက်စီ ပွင့်ဟ သွားတော့သည် ..ကားလေးကို ဘီးလှိမ့်ရုံသာ ခပ်ဖြည်းဖြည်း မောင်း
ဝင်လာတော့ ဖြူးနေတဲ့ လမ်းကလေးက နိမ့်ဆင်း
သွားလိုက် မြင့်တက်လာလိုက် ကွေ့ကွေ့ကောက်
ကောက် နဲ့ ဖြစ်သည့်အပြင် ....တစ်ဖက်တစ်ချက်စီမှာကလဲ အမျိုးအစားစုံလင်သော သစ်ပင်ပုကလေးများနဲ့ စိမ်းဖန့်ဖန့် မြက်ခင်း
လှလှ ကြီးများဖြင့် လှပနေသည် ......ဆယ့်ငါးမိနစ်ခန့် ခပ်မှန်မှန် ၀င်လာပြီးမှ ရုတ်ရက်
ပုံပြင်ထဲက ပေါ်လာသလို ဘွားကနဲပေါ်လာတဲ့ အ
ဆောက်အဦးကြီးကြောင့် နှုတ်ခမ်းများပင် ခပ်ဟဟ
ပွင့်သွားရသည် ......အဆောက်အဦးကြီးရှေ့မှာ ကားထိုးရပ်လိုက်သည်နှင့် ရုတ်တရက်ဘေးကို ပြေးလာကြသော အနက်ရောင် ဆင်တူ အ၀တ်အစားများနဲ့ လူတစ်စု
ကြောင့် နည်းနည်းတော့ ထိတ်လန့်သွားမိသည်...
YOU ARE READING
ရစ်မူးစေခဲ့သော ပြင်းရှရှဝိုင်တစ်ခွက်
Fanfictionချစ်သူရဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရတာကြောင့် အချစ်ဆိုတဲ့အရာကို အယုံအကြည်မရှိပဲ သူ့ဘ၀ကို ရိုးရှင်းစွာ ဖြတ်သန်းနေထိုင်နေတဲ့ ကျောင်းဆရာတစ်ယောက်ဖြစ်တဲ့ Sehun ဟာ.... အမူအကျင့် တစ်မျိုးစီကို ပိုင်ဆိုင်ကြတဲ့ ဂိုဏ်းစတား အစ်ကိုသုံ...