1.1K 120 13
                                    

' ​ဟေ့ .... ´

ခပ်​ဆတ်​ဆတ်​​ခေါ်သံနဲ့အတူ အ​နောက်​ဘက်​က​နေ ​ခေါင်း
ကို ပုတ်​လိုက်​တာ​ကြောင့်​ ပါးစပ်​ထဲမှာ ငုံထားတဲ့ စုပ်​လုံး
လေးက ကြမ်းပြင်​​ပေါ်ကို ​ဒေါက်​ကနဲ ပြုတ်​ကျသွားတာမို့
ထောင်းကနဲ​ဒေါသထွက်​ကာခုံ​ပေါ်မှ ၀ုန်းကနဲကုန်းထလိုက်​မိသည်​ .....

' အိုး .... ဘာလဲ ​ဒေါသထွက်​သွားတာလား ..... ငါတို့ကို ရိုက်​မယ်​​ပေါ့ ..... မင်းကလား ..... ​ကြောက်​လိုက်​တာ ....
ဟားဟားဟား ...´

' ဟားဟားဟား .....´

ကျစ်​ ! အဲ့ဒါပဲ ..... အဲ့ဒါမျိုး​တွေ သိပ်​စိတ်​ပျက်​တာ ....
ဘောင်းဘီအိတ်​ထဲကို လက်​နှစ်​ဖက်​ထည့်​ပြီး ခပ်​မိုက်​မိုက်
ရပ်​​နေပြီး လူတစ်​​ယောက်​ကို အုပ်​စုဖွဲ့အနိုင်​ကျင့်​ .....ဒီလိုလုပ်​ရင်​ သူတို့ကိုယ်​ သူတို့မိုက်​လှပြီထင်​​နေကြတာပဲ

' တကယ့်​ဟာသ​တွေ .... ´

ခပ်​တိုးတိုးသာ ​ရေရွတ်​ပြီး စိတ်​ကို​လျော့ကာ ထိုင်​ခုံမှာ ပြန်​ထိုင်​ချလိုက်​သည်​ .... ​ကျောင်းလာတက်​ရဖို့ ... အနားမှာ
လူ မြင်​မ​ကောင်း​လောက်​​အောင်​ ၀ိုင်းအုံ​နေတဲ့ ကိုယ်​ရံ
တော်​​တွေကို ဖယ်​ထားနိုင်​ဖို့ ......

ကိုကြီးဆီမှာ ဘယ်​​လောက်​​တောင်​ ​တောင်းဆိုခဲ့ရသလဲ ဒီ
လို အသုံးမ၀င်​တဲ့ယင်​​ကောင်​​တွေ​ကြောင့်​ ကိုယ့်​လွတ်လပ်​ခွင့်​ ​သေး​သေး​လေးကို အစပြန်​ရှာမရ​တော့​အောင်​ ​ပျောက်​ဆုံးသွားမှာ မလိုချင်​ ......

ပြီး​တော့ ဒီလို အဆင့်​​လောက်​​လေး​တွေက ​ရှောင်​လုဟန်​ ဆိုတဲ့ ကျွန်​​တော့်​အတွက်​ ပြိုင်​ဘက်​အဆင့်​မှမဟုတ်​ပဲ ....

' ​ဟေ့​ကောင်​ .... မင်းက ငါတို့ကို ဂရုမစိုက်​တာလား....ဟုတ်​လား ....´

ဝုန်း !!!

ထိုင်​​နေတဲ့ ခုံရဲ့ ​ခြေ​ထောက်​ကို​ ​ခြေ​ထောက်​နဲ့ကန်​ရင်း 
အော်​​မေးလာတဲ့ တစ်​​ယောက်​​ကြောင့်​ အူသွားတဲ့နားကို
လက်​ညှိုးနဲ့ နှိုက်​ထုတ်​ပြီး လက်​ညှိုးကို ​လေနဲ့မှုတ်​ကာ ရန်
လို​နေတဲ့ ​ကျောင်းသား သုံး​ယောက်​ကို ကြည့်​လိုက်​ပြီး ....

ရစ်​မူး​စေခဲ့​သော ပြင်းရှရှဝိုင်​တစ်​ခွက်​Where stories live. Discover now