1K 112 18
                                    

မှောင်​မိုက်​ကျဉ်းကျပ်​​နေတဲ့ ​နေရာတစ်​ခု ....

ဘာကိုမှသဲကွဲစွာမမြင်​ရနိုင်​​ပေမယ့်​မိမိ​ခြေ​ထောက်
တွေကို​ရောလက်​​တွေကိုပါ တင်းကျပ်​စွာ တုပ်​​နှောင်
ထားသည်​ကို ခံစားလိုက်​ရတာ​ကြောင့်​ ....

ကိုကြီး ... ကိုကြီး ဘယ်​မှာလဲ ... အစ်​ကိုလတ်​ ....
အကို​လေး ..... ကယ်​ကြပါ ..... ကျွန်​​တော့်​ကို လာ
ခေါ်ကြပါ .... ကိုကြီး ....

ကြောက်​လန့်​တကြား အကူအညီ​တောင်းဆိုသံ​တွေက လည်​​ချောင်းဝမှာသာ တစ်​ဆို့​နေသည်​...။

ပါးစပ်​ကိုပိတ်​ထားတဲ့ တစ်​စုံတစ်​ခု​ကြောင့်​ဝူးဝူးဝါးဝါး
အသံ​တွေကလွဲပြီး ပီပီသသ ​အော်​ဟစ်​အကူအညီ
တောင်းဖို့ရာ မစွမ်းသာ .....

ဒါ ဘယ်​​နေရာလဲ ... ဘာ​ကြောင့်​ဒီကို ​ရောက်​​နေရ
တာလဲ ... မ​တွေးမိ ....

မြင်​သမျှ​မှောင်​မည်း​နေပြီး​လေးဘက်​​လေးတန်​လုံးက အသားနဲ့ထိ ​နေတဲ့ ဒီကျဉ်းကျပ်​လွန်းတဲ့​နေရာမှာ ကြာ​လေကြာ​လေအသက်​ရှူလို့မရနိုင်​​လောက်
အောင်​ကို မွန်းကျပ်​ပြီး မူးမိုက်​ပြာ​ဝေ လာခဲ့ရတာ
ကြောင့်​ အထိတ်​တလန့်​ မျက်​ရည်​ကျ လာခဲ့ရ
သည်​ ...

ကိုကြီး ..... ကိုကြီး ..... ငယ့်​ကို လာကယ်​ပါ ....

တဖြည်းဖြည်းနဲ့ ​ချွေး​စေးများပြန်​လာပြီး လူက ​ပျော့
ခွေကျလာခဲ့သည်​  မျက်​လုံး​တွေက မှိတ်​ထားသည်
ဖြစ်​​စေဖွင့်​ထားသည်​ဖြစ်​​စေအဆုံးမရှိ​သော အ​မှောင်
ထုကြီးကသာ ကြီးစိုး​နေသည်​မို့ .....

ကြောက်​လန့်​တကြား ရုန်းကန်​ရင်း ​အော်​ဟစ်​​နေမိ
သည်​ .... အချိန်​အ​တော်​ကြာ မတရားပွတ်​တိုက်
ရုန်းကန်​မှု​ကြောင့်​ ​ခြေကျင်းဝတ်​​တွေသာမက လက်
ကောက်​၀တ်​​တွေပါ ပူထူပြီးနာကျင်​​နေခဲ့ပြီ .....

အသံကုန်​​အော်​ဟစ်​​နေမိ​ပေမယ့်​ အသံ​တွေ ထွက်​ကျလာခွင့်​မရနိုင်​​သော်​လဲလည်​​ချောင်း​တွေကွဲထွက်
တော့ မတတ်​နာကျင်​​နေပြီး တစ်​ကိုယ်​လုံးလဲ အားအင်​ချည့်​နဲ့ကာ ​​ချွေးများရွှဲနစ်​​နေခဲ့ပြီ ....

ရစ်​မူး​စေခဲ့​သော ပြင်းရှရှဝိုင်​တစ်​ခွက်​Where stories live. Discover now