E

4.4K 307 22
                                    

Zawgyi
*********

့"​ဒါ ​နောက်​ဆုံး​တွေ့ဆုံခြင်းပဲ ဟွာရင်း!"

ခရီး​ဆောင်​အိတ်​ကို ကိုင်​ဆွဲကာ အပြုံးအရယ်​မဲ့စွာ
တစ်​ချက်​သာ ​ခေါင်းညိတ်​သည်​။
သူမက​တော့ အရာအားလုံးအတွက်​ စွန့်​လွှတ်
နိုင်​ခဲ့ပြီ။
အတူရှိ​နေခဲ့ဖူး​သော ခုနစ်​နှစ်​သာ ကာလအတွက်
အနည်းငယ်​​သော သံ​ယောဇဉ်​တို့​ကြောင့်
ထယ်​​ယောင်း စိတ်​မ​ကောင်း​တော့ ဖြစ်​မိသည်​။

"သမီးကို​တော့ အိမ်​မှာပဲ ထားခဲ့တယ်​.....
မင်းသွားတာ သူသိရင်​ စိတ်​မ​ကောင်းဖြစ်​​နေမှာ
စိုးလို့"

"​ကောင်းပါတယ်​..... အလကားသက်​သက်
က​လေးကို မထိခိုက်​​အောင်​ဘဲ ​နေကြတာ​ပေါ့၊
ငါ သွား​တော့မယ်​ ထယ်​​ယောင်း"

အိတ်​ကို ဆွဲကာ ထွက်​သွား​သော သူမ ​ကျောပြင်​ကို ကြည့်​ရင်း ​သက်​ပြင်းများစွာ။
အခုလို ခွဲခွာခြင်းများကို မ​မျှော်​လင့်​​သော်​လည်း
တစ်​ချိန်​မှာ မလွဲမ​သွေဖြစ်​လာရမည်​ကိုလည်း
ထယ်​​ယောင်းသိသည်​။

လွန်​​ခဲ့​သော အတိတ်​ကို တဖန်​လည်​ကာ ​ခြေချ
ကြည့်​မယ်​ဆိုလျှင်​ အရာအားလုံးက ​နောင်​တ​တွေပဲ ရှိ​နေလိမ့်​မည်​။
လူအနည်းငယ်​ရှုပ်​​နေ​သော ထို​နေရာမှ
ထယ်​​ယောင်းထွက်​လာခဲ့သည်​။
ကား​ပေါ်မှာ ဝင်​ထိုင်​ရင်း မျက်​လုံးမှိတ်​ကာ
အနားယူ​နေမိသည်​။

'မင်းက ကတိမတည်​တဲ့ လူပဲ'

'မင်း အသံကိုလည်း မကြားချင်​ဘူး၊ မင်းကိုလည်း
မမြင်​ချင်​ဘူး'

'​ကျေးဇူးပြုပြီး ထွက်​သွား​ပေးပါ'

'ငါ့အ​ရှေ့ကို မ​ပေါ်လာပါနဲ့​တော့'

'ငါ မင်းကို အရမ်းမုန်းတယ်​'

အိပ်​မက်​ဆိုးကြီးလို အမြဲ​ခြောက်​လန့်​​နေ​သော
သူ့စကားများ​ကြောင့်​ ထယ်​​ယောင်းစိတ်​ထဲ
ဘဝင်​မကျ။ ပြီးဆုံးခဲ့တာ ခုနစ်​နှစ်​​ကျော်​ ရှိ​နေခဲ့ပြီ ဖြစ်​​သော်​လည်း ထယ်​​ယောင်းစိတ်​ထဲတွင်
သူသာရှိသည်​။
တစ်​ရက်​မှ ဟင့်​အင်း တစ်​စက္ကန့်​မှ ​မေ့မရခဲ့တာလည်း ထယ်​​ယောင်းသာ အသိဆုံးဖြစ်​မည်​။
ဘဝနဲ့ရင်းပြီး ချစ်​ခဲ့တာ​တော့ အမှန်​။

EX With Benefit Where stories live. Discover now