Zawgyi
********အိပ်ယာထသည့် အချိန်ကစလို့ အခုချိန်ထိ
ထယ်ယောင်းရင်တွေ ခုန်နေမိသည်။
တစ်စုံတစ်ယောက်ကြောင့် စိတ်ကြည်နူးသည့်
အတွက် ရင်ခုန်နေခြင်းမျိုး မဟုတ်။
တစ်စုံတစ်ယောက်ကို ပြန်လည်တွေ့ဆုံရန်
စိတ်လှုပ်ရှားနေခြင်းဖြစ်သည်။
ပုံမှန်မဟုတ်သော စိတ်တို့ကို အတင်းကာရော
စုစည်းကာ ချောကလက်ပူပူတစ်ခွက်ကို
သောက်လိုက်သည်။ခပ်နွေးနွေးအရည်တွေနှင့်အတူ စိတ်လှုပ်ရှားမှုကြီး
တစ်ခုလုံး ပါသွားရင် ဘယ်လောက်များ
ကောင်းလိမ့်မလဲ?
အမှန်တကယ် ဝန်ခံရရင် ထယ်ယောင်း
ကြောက်နေမိသည်။
ဂျီ်မင်းဆီမှ မုန်းတီးစွာသော အကြည့်တွေကို
ထယ်ယောင်း မခံစားနိုင်ပါ။
ပထမအကြိမ် ဂျီမင်း ကြည့်ခဲ့ဖူးသည့်
စိမ်းသက်လွန်းလှသော အကြည့်တို့ကို
ခုနစ်နှစ်လုံး ထယ်ယောင်းမမေ့နိုင်ခဲ့။
ရူးမတတ်ချစ်ရသူ၏ အမုန်းတို့ကို
ရင်ဘတ်ကြီးတစ်ခုလုံးဖြင့် ထယ်ယောင်း
ယူဆောင်ခဲ့သည်။
အနည်းဆုံးတော့ သူ့ရဲ့မုန်းတီးခြင်း တစ်ထောင့်
တစ်နေရာမှာ ထယ်ယောင်းဆိုတာ အမှတ်တရ
အနေနှင့် ရှိနေနိုင်အုံးမည်။ခွင့်မလွှတ်နိုင်တော့တဲ့အထိ ဂျီမင်း မုန်းနေမည်ကို
ထယ်ယောင်းသိလည်း လက်မလွှတ်ချင်ခဲ့။
ဂျီမင်းဆိုသည့် ကောင်လေးကြောင့်
ထယ်ယောင်း အိမ်ထောင်ရေးမှာ အထိခိုက်
ရှိလာသည်ကို သိသော်ငြားလည်း နောက်မဆုတ်ခဲ့။ ဂျီမင်းကို စွန့်လွှတ်ပြီးနောက်မှာ
ပြောင်းလဲလာခဲ့သည့် အကြောင်းအရာများစွာ
ရှိသည်။
နောက်တစ်ကြိမ်တော့ အဆုံးရှုံးခံမည်
မဟုတ်တော့ပါ။"ဥက္ကဋ္ဌ ကင်မ်....တစ်ဖက် ကုမ္ပဏီက ပါတနာ
ရောက်နေပါပြီ""ဟုတ်ကဲ့ ဝင်လာခိုင်းလိုက်ပါ"
အတွင်းရေးမှူးထွက်သွားပြီးနောက် ဘာလုပ်လို့
ဘာကိုင်ရမလဲ ထယ်ယောင်း မသိတော့။
ဒီအတိုင်း လက်မှတ်ထိုးနေသည့် ပုံစံနှင့်
နေရမလား?
ဒါမှမဟုတ် ကော်ဖီသောက်နေသည့် ပုံမျိုးနဲ့လား?
ဘယ်အရာက သူနဲ့ ပိုပြီး သင့်တော်မလဲ?