Zawgyi
********"ခွင့်မပြုနိုင်ပါဘူး စီအီးအိုဂျောင်"
စာရင်းစာရွက်ကို အကြည့်မပျက်ဘဲ ဆိုလာသော
ထယ်ယောင်းစကားကြောင့် ဟိုဆော့
သက်ပြင်းတွေသာ ချမိသည်။
လက်ရှိ ဟိုဆော့အခြေအနေမှာ တောင်ထိပ်မှာ
ရပ်နေရသည်နှင့် ခပ်ဆင်ဆင်။
ခုန်မချပါက အနောက်က လှမ်းကိုက်မည့်
ကျားကြီးနှင့် ခုန်ချလိုက်ပါက အသင့်ဆီးကြိုနေမည့် ဆူးပုံကြိီး။
ဟိုဆော့ရဲ့ သာယာနေသော နေ့ရက်တို့ကို
ဖျက်ဆီးနေသည်မှာ ပတ်ဂျီမင်းနှင့် ကင်ထယ်ယောင်းပင်ဖြစ်သည်။"ကျွန်တော့် သူငယ်ချင်းဘက်ကို စာနာကြည့်
ပါအုံး ထယ်ယောင်းရှီ""စီအီးအိုဂျောင်ကို အလုပ်နဲ့ကိုယ်ရေးကိုယ်တာ
ခွဲခြားတတ်မယ်လို့ ထင်နေခဲ့တာ"မိမိအား အထင်သေးသလို ပြောလာသော
ထယ်ယောင်းကို ဟိုဆော့စိတ်ထဲမှ ကျိန်ဆဲ
လိုက်သည်။
ရုပ်ချောသလောက် စိတ်ထားမကောင်းသော
ထယ်ယောင်းကို ဂျီမင်းနှင့်ပတ်သတ်နေကထဲက
သိပ်ကြည့်မရခဲ့။
အဲ့တုန်းက ဂျီမင်းကို သူနဲ့တောင် သဝန်ကြောင်
ခဲ့သည် မဟုတ်လား။
အလကား ပိုက်ဆံနဲ့ ဂုဏ်မောက်နေတဲ့
သူဋ္ဌေးစုတ်။"အမှန်ဆို ကင်ထယ်ယောင်းဘက်က စခဲ့တာ
မဟုတ်လား? ဂျီမင်းမှ ဂျီမင်းဆိုပြီး ကျွန်တော်တို့
ဘက်ကို တောင်းဆိုခဲ့တာလေ"အထိနာသွားသောကြောင့် မျက်နှာပျက်သွား
သည့် ထယ်ယောင်းကို ကြည့်ပြီး ဟိုဆော့
ဝမ်းသာသွားရသည်။"ဂျောင်ဟိုဆော့ ဘက်က အကြံပြုပေးခဲ့တဲ့
လူတွေကို ကျွန်တော်က လက်ခံပေးရမှာလား?
ပထမတစ်ယောက် ဋ္ဌာနမှူးချုပ်ဆိုတဲ့သူ
စာရင်းတွေလိမ်လို့ ခဗျား ခေါင်းခြောက်ခဲ့ရတယ်ဆို၊ နောက် ဒုတိယတစ်ယောက်
ဂျီမင်းလက်အောက်ကလူ၊ ကျွန်တော်က
သူများလက်အောက်က လူကို
ပါတနာထားစရာလား?
နောက်ဆုံးတစ်ယောက် ခဗျားရဲ့ အတွင်းရေးမှူး၊
လူယုံသတ်လို့သေတယ်ဆိုတာ ဟိုဆော့ရှီမှ
အစစ်၊ အခုတောင် အတွင်းရေးမှူးအသစ်
ပြောင်းထားရတယ်လို့ ကြားတယ်"