Zawgyi
*********့"ဒါ နောက်ဆုံးတွေ့ဆုံခြင်းပဲ ဟွာရင်း!"
ခရီးဆောင်အိတ်ကို ကိုင်ဆွဲကာ အပြုံးအရယ်မဲ့စွာ
တစ်ချက်သာ ခေါင်းညိတ်သည်။
သူမကတော့ အရာအားလုံးအတွက် စွန့်လွှတ်
နိုင်ခဲ့ပြီ။
အတူရှိနေခဲ့ဖူးသော ခုနစ်နှစ်သာ ကာလအတွက်
အနည်းငယ်သော သံယောဇဉ်တို့ကြောင့်
ထယ်ယောင်း စိတ်မကောင်းတော့ ဖြစ်မိသည်။"သမီးကိုတော့ အိမ်မှာပဲ ထားခဲ့တယ်.....
မင်းသွားတာ သူသိရင် စိတ်မကောင်းဖြစ်နေမှာ
စိုးလို့""ကောင်းပါတယ်..... အလကားသက်သက်
ကလေးကို မထိခိုက်အောင်ဘဲ နေကြတာပေါ့၊
ငါ သွားတော့မယ် ထယ်ယောင်း"အိတ်ကို ဆွဲကာ ထွက်သွားသော သူမ ကျောပြင်ကို ကြည့်ရင်း သက်ပြင်းများစွာ။
အခုလို ခွဲခွာခြင်းများကို မမျှော်လင့်သော်လည်း
တစ်ချိန်မှာ မလွဲမသွေဖြစ်လာရမည်ကိုလည်း
ထယ်ယောင်းသိသည်။လွန်ခဲ့သော အတိတ်ကို တဖန်လည်ကာ ခြေချ
ကြည့်မယ်ဆိုလျှင် အရာအားလုံးက နောင်တတွေပဲ ရှိနေလိမ့်မည်။
လူအနည်းငယ်ရှုပ်နေသော ထိုနေရာမှ
ထယ်ယောင်းထွက်လာခဲ့သည်။
ကားပေါ်မှာ ဝင်ထိုင်ရင်း မျက်လုံးမှိတ်ကာ
အနားယူနေမိသည်။'မင်းက ကတိမတည်တဲ့ လူပဲ'
'မင်း အသံကိုလည်း မကြားချင်ဘူး၊ မင်းကိုလည်း
မမြင်ချင်ဘူး''ကျေးဇူးပြုပြီး ထွက်သွားပေးပါ'
'ငါ့အရှေ့ကို မပေါ်လာပါနဲ့တော့'
'ငါ မင်းကို အရမ်းမုန်းတယ်'
အိပ်မက်ဆိုးကြီးလို အမြဲခြောက်လန့်နေသော
သူ့စကားများကြောင့် ထယ်ယောင်းစိတ်ထဲ
ဘဝင်မကျ။ ပြီးဆုံးခဲ့တာ ခုနစ်နှစ်ကျော် ရှိနေခဲ့ပြီ ဖြစ်သော်လည်း ထယ်ယောင်းစိတ်ထဲတွင်
သူသာရှိသည်။
တစ်ရက်မှ ဟင့်အင်း တစ်စက္ကန့်မှ မေ့မရခဲ့တာလည်း ထယ်ယောင်းသာ အသိဆုံးဖြစ်မည်။
ဘဝနဲ့ရင်းပြီး ချစ်ခဲ့တာတော့ အမှန်။