Zawgyi
ဖုန်းလေးလည်းလွတ်ကျသွားပြီးရော
Jung Kookကိုတွန်းကာ
လှေကားအောက်သို့ပြေးဆင်း
သွားလေတော့သည်။ JungKookလည်း
ပြေးဆင်းသွားသောJiminနောက်သို့
လိုက်လာခဲ့သည်။ကားလမ်းမပေါ်မှာမျက်ရည်လည်ရွှဲဖြင့်
ကားတားနေသောထိုကောင်လေးကိုမြင်ရတာ
Jung Kookရင်ထဲတစ်ဆစ်ဆစ်နှင့်
နာလှသည်။ထိုကောင်လေးလက်ကိုသွား
ဆွဲလိုက်တော့"လွှတ်! လွှတ်ပါ Jung Kookရယ် ငါ့အဖေဆီ
သွားမှဖြစ်မယ်ငါတို့ကိစ္စနောက်မှရှင်း ဟင့်
ရအောင်ကွာ ဟင့်"သူ့ကိုကိုင်ထားသည့်Jung Kookလက်ကို
အတင်းဆွဲဖယ်ကာငိုယိုနေပြန်သည်။"လွှတ်!! ငါမင်းနဲ့ပြဿနာမဖြစ်ချင်သေးဘူး
လွှတ်!!""မင်းလျှာမရှည်နဲ့! မင်းအဖေဆီအရောက်
သွားချင်ရင်ငါ့နောက်ကလိုက်ခဲ့"အော်လိုက်တော့မှငြိမ်သွားကာJung Kook
ဆွဲခေါ်ရာနောက်လိုက်လာလေသည်။ သူ့ကိုကားတံခါးဖွင့်ပေးပြီးကားထဲဝင်စေကာ ဆေးရုံဆီသို့ဦးတည်၍
ကားမောင်းထွက်လာခဲ့သည်။ဆေးရုံရောက်တော့ဆေးရုံရှေ့တွင်
Tae Hyungကစောင့်နေလေသည်။"Jimin na"
"Tae....Taehyung na ငါ့အဖေ ဟင့်
ဘာဖြစ်တာလဲရုတ်တရက်ကြီး ဟင့်ပြောတော့
နောက်တစ်လထိခံသေးတယ်ဆို ဟင့်""Jimin na ငါစိတ်မကောင်းပါဘူးကွာ"
Taehyungကိုဖက်ကာJiminတစ်ယောက်
ငိုတော့သည်။ ထိုဖြစ်ရပ်ကိုရပ်ကြည့်နေသောJung Kook
မှာတော့စိတ်မကောင်းခြင်းနဲ့အတူမနာလိုခြင်း
တွေပါဖြစ်ပေါ်လာသည်။Tae Hyungရင်ခွင်ထဲတွင်ခေါင်းမှီကာ
ငိုနေသောJimin၏လက်မောင်းကိုဆွဲလိုက်ကာ
သူ့ရင်ခွင်ထဲထည့်ထားလိုက်သည်။ ဒီတစ်ခါတော့Jung Kook
တစ်ယောက်ဦးနှောက်ထက်နှလုံးသားကို
ဦးစားပေးလိုက်လေသည်။Jiminကသူ့ကိုမှီခိုတာပဲသူမြင်ချင်သည်။
ငိုစရာရှိရင်တောင်သူ့ရင်ခွင်ထဲမှာပဲငိုရမည်။ ပျော်စရာကိစ္စရှိရင်တောင်သူ့ရှေ့မှာပဲရယ်ရမည်။ အဲ့လောက်ထိကိုသူသဝန်တိုတာတောင်
ဒီကောင်လေးကိုမုန်းဖို့သူကြိုးစားနေသေးသည်။ သူ့အမေဘယ်လိုသေခဲ့ရလဲ ဒီကောင်လေးကဘယ်လိုလူစားမျိုး
လဲဆိုတာသူမသိချင်တော့ပါ။
အခုလက်ရှိအခြေအနေလေးတိုင်းပဲသူဆက်
သွားချင်သည်။ သူ့နှလုံးသားကိုသာဦးစားပေးရန်
Jung Kookဆုံးဖြတ်လိုက်တော့သည်။
YOU ARE READING
Min ခ်စ္ရတဲ့Jeon(Min ချစ်ရတဲ့Jeon) (Completed) [Zaw+ Uni]
Romanceအချစ်ဆိုတာ နှလုံးသားထဲကသူ့အလိုလိုပေါက်ဖွားလာတဲ့အရာ ရင်ခုန်တာကစတင်တယ်။ ယောကျာ်းလေးအချင်းချင်းချစ်မြတ်နိုးသည်ဖြစ်စေ။ မိန်းကလေးအချင်းချင်းချစ်မြတ်နိုးသည်ဖြစ်စေ။ ယောကျာ်းမိန်းမချစ်မြတ်နိုးသည်ဖြစ်စေ။ အချစ်ကအချစ်ပဲ။ Love is no Gender..... အဲ့ဒါကြောင့်ငါမ...