Zawgyi
ကျွန်တော့်အမိမြေနှင့်ကိုခွဲခွာနေရတာ လေးနှစ်
တောင်ရှိသွားပြီ ကျွန်တော်ချစ်ရတဲ့မြေကိုသိပ်လွမ်း
လို့ကျွန်တော်ပြန်လာခဲ့သည်။Jung Kookဒီနေ့Koreaကိုပြန်ရောက်ရောက်
ချင်းအိမ်ကိုပြန်နေသောလမ်းတစ်လျှောက်ဆိုင်
တစ်ဆိုင်ရှေ့ရောက်တော့ကားကိုရပ်ခိုင်းလိုက်မိ
သည်။ဘာ့ကြောင့်ကားရပ်ခိုင်းလိုက်မိမှန်းကိုယ့်
ကိုယ်ကိုတော့သေချာမသိဆိုင်ကိုလှမ်းကြည့်လိုက်တော့ဆိုင်ရှေ့တွင် Happiness cafeဆိုသည့်
ဆိုင်းဘုတ်ကြီးကတည်ရှိနေသည်။သိပ်မစိမ်းသက်သောခံစားချက်ကြောင့်ရောက်လတ်စနဲ့မထူးပါဘူးလေဆိုပြီးဆိုင်ထဲဝင်၍ကော်ဖီသောက်ရန်ဆုံးဖြတ်လိုက်သည်။ဆိုင်ထဲကိုဝင်ဝင်ချင်း ထောင့်ကျတဲ့နေရာလွတ်လေးက"ဒီမှာလာထိုင်ပါ"လို့သူ့ကိုခေါ်နေသယောင်ယောင်
ဘာ့ကြောင့်ရယ်မသိအဲ့ဒီစားပွဲဝိုင်းလေးဆီသာဦး
တည်လိုက်သည်။ ထိုင်လိုက်ရင်းဘေးဘက်အပြင်ကိုလှမ်းကြည့်လိုက်တော့ရောင်စုံပန်းလေးများကိုအစီရီလှပစွာစိုက်
ပျိုးထားသည်။ ထိုရောင်စုံပန်းများသည်ထည်ထည်ဝါဝါနှင့်လှပစွာပွင့်လန်းလျက်ရှိသည်။ဒီလိုရင်းနှီးနေတဲ့ခံစားချက်ကြီးကဘာပါလိမ့် ခေါင်းကိုတစ်ချက်ခါရမ်းကာ အတွေးတွေကိုဖယ်ထုတ်လိုက်သည်။
"Jung Kook Jeon Jung Kookမှတ်လား"
ကိုယ့်နာမည်ခေါ်ရာသို့လှည့်ကြည့်လိုက်တော့
"Hmm? Nayoon shii"
Nayoonဆိုသည်မှာ Jung Kook USမှာရှိနေစဉ်
တစ်လျှောက်လုံးJung Kookကိုအကူအညီ
ပေးခဲ့သူဖြစ်သည်။ NayoonကJung Kook
ထက်2နှစ်ငယ်ပေမဲ့ Jung Kookထက်တောင်
ရင့်ကျက်နေသေးသည်။ Nayoonကအရမ်းလှသည်။ သွက်လက်
ပြီးထက်မြတ်တဲ့မိန်းမတစ်ယောက်လည်းဖြစ်သည် ရယ်လိုက်ရင်ပေါ်လာသောပါးချိုင့်လေးက လူတိုင်းကိုဆွဲဆောင်နိုင်သည်။ ဒါပေမဲ့ကျွန်တော်အဲ့ဒီအလှတွေကိုခံစား၍မရပါ။ ဆေးဆိုးပန်းရိုက်မျက်နှာကကျွန်တော့်ကိုမွန်းကြပ်စေသည်။မိန်းမတိုင်းဟာ မိတ်ကပ်သို့မဟုတ်အလှပရေးရာ
တစ်ခုခုတို့မျက်နှာမှာခြယ်သထားတတ်ကြသည်။
တစ်ချိန်ကကျွန်တော့်ချစ်သူလည်းထိုသို့ ခြယ်သထားမည်မှာမလွဲဧကန်ပင်။ ကျွန်တော်အရင်ကဘယ်လိုလူ
မျိုးကိုကြိုက်ခဲ့လည်းဆိုတာတော့ကျွန်တော်မသိ
တော့ချေ။ သို့ပေမဲ့ဆေးဆိုးပန်းရိုက်မျက်နှာတွေကို
မြင်တိုင်း ကျွန်တော့်ကိုမွန်းကြပ်စေတာတော့အမှန်
ပင်ဖြစ်သည်။
YOU ARE READING
Min ခ်စ္ရတဲ့Jeon(Min ချစ်ရတဲ့Jeon) (Completed) [Zaw+ Uni]
Romansaအချစ်ဆိုတာ နှလုံးသားထဲကသူ့အလိုလိုပေါက်ဖွားလာတဲ့အရာ ရင်ခုန်တာကစတင်တယ်။ ယောကျာ်းလေးအချင်းချင်းချစ်မြတ်နိုးသည်ဖြစ်စေ။ မိန်းကလေးအချင်းချင်းချစ်မြတ်နိုးသည်ဖြစ်စေ။ ယောကျာ်းမိန်းမချစ်မြတ်နိုးသည်ဖြစ်စေ။ အချစ်ကအချစ်ပဲ။ Love is no Gender..... အဲ့ဒါကြောင့်ငါမ...