Zawgyi
Recall》》》
Jiminအခန်းထဲဝင်လိုက်တော့သတိမေ့မြောနေ
သောJiminကိုပွေ့ကာငိုနေသောTae Hyungကို
တွေ့လိုက်ရတော့ထိုနေရာမှာတင်ပစ်လဲချင်သွား
သည်။ JiminကိုTae Hyungလက်ထဲမှဆွဲယူ
လိုက်ကာပွေ့ဖက်လိုက်ပြီး"Tae Hyung shii Ji...Jiminကိုနှိုးပေးပါကွာ
သူ သူငါ့ကိုစိတ်ကောက်နေတာ ငါ့ကိုစိတ်
ကောက်နေတာကွ Jimin Jiminလေးရေ
ကိုယ့်ကိုအဲ့လိုမနောက်နဲ့လေ ကိုယ်ကလေး
စိတ်ဆိုးပြေတဲ့ထိတောင်းပန်မယ်လေ အဲ့လိုကြီး
နိုးမလာပဲနဲ့တော့မနေပါနဲ့ကွာ Jimin na
Park Jimin!!!!!"************************
"အဘွားကြီး ဘယ်မှာလဲ ခင်များအခုထွက်ခဲ့
အဘွားကြီးဒါခင်များလက်ချက်မှတ်လား
အခုထွက်ခဲ့!Jiminကိုပြန်ခေါ်ပေး အဘွားကြီး!!!"မတ်တပ်ရပ်ကာအခန်းပတ်လည်ကိုကြည့်ကာ
အော်ဟစ်နေသောTae Hyungကိုကြည့်ကာ
Jung Kookကြောင်အနေမိသည်။"Tae Hyung shii ဘယ်သူ့ကိုခေါ်နေတာလဲ
စိတ်ထိန်းပါဦး! ဘာတွေအော်နေတာလဲ
Jiminကိုဆေးရုံပို့ရမယ် အချိန်မရှိဘူး!!""Jiminကအသက်မရှိတော့ဘူးကွ အဲ့ဒါမင်း
အမေကြောင့်ဖြစ်ရတာ မင်းအမေကိုပြန်ခေါ်
ပေး မင်းအမေကြောင့်!!"****************************
Jung Kookထွက်သွားပြီးနောက်အိပ်ပျော်သွား
လိုက်တာနှစ်နှစ်ခြိုက်ခြိုက်ပင်။ နားထဲခေါ်သံလို
လိုကြားလိုက်ရတာကြောင့်အိပ်ယာပေါ်ဆက်ခနဲ
ထထိုင်လိုက်ပြီး အခန်းပတ်လည်ကိုတစ်ချက်
ဝေ့ကြည့်လိုက်တော့ဘယ်သူမှရှိမနေ။"ငါအိပ်မက်မက်နေတာပဲ ဟူး"
အိပ်ယာဘေးစားပွဲပေါ်တွင်တင်ထားသော
ရေဗူးကိုယူပြီး ရေတစ်ငုံငုံလိုက်သည်။ ပြီးနောက်
လန်းလန်းဆန်းဆန်းဖြစ်သွားအောင်မျက်နှာ
သစ်ရန်ရေချိုးခန်းဆီသွားမည်အလုပ်...."Park Jimin!"
အသံ...ဒီအသံ သူခုနကအိပ်နေရင်းကြားလိုက်
သည့်အသံ ထိုအသံကနူးညံ့မနေသလိုအရမ်းကြီး
လည်းတင်းမာမနေပါ။အသံလာရာအနောက်ဘက်ကိုလှည့်ကြည့်လိုက်
တော့ဘယ်သူမှမတွေ့ရ။ ကျောထဲအနည်းငယ်
စိမ့်သွားကာJiminတစ်ယောက်ကြက်သီး
တွေတောင်ထလာလေသည်။
YOU ARE READING
Min ခ်စ္ရတဲ့Jeon(Min ချစ်ရတဲ့Jeon) (Completed) [Zaw+ Uni]
Romanceအချစ်ဆိုတာ နှလုံးသားထဲကသူ့အလိုလိုပေါက်ဖွားလာတဲ့အရာ ရင်ခုန်တာကစတင်တယ်။ ယောကျာ်းလေးအချင်းချင်းချစ်မြတ်နိုးသည်ဖြစ်စေ။ မိန်းကလေးအချင်းချင်းချစ်မြတ်နိုးသည်ဖြစ်စေ။ ယောကျာ်းမိန်းမချစ်မြတ်နိုးသည်ဖြစ်စေ။ အချစ်ကအချစ်ပဲ။ Love is no Gender..... အဲ့ဒါကြောင့်ငါမ...