Part 14

9.2K 999 20
                                    

Zawgyi

သူ့ကိုမျက်စောင်းထိုးကာမာန်ဖီနေတဲ့သူ့ရှေ့က
ကောင်လေးကိုJung Kookကြည့်ကာ
အသည်းယားလာသောကြောင့်နှာခေါင်းလေး
ကိုညှစ်လိုက်လေသည်။

"ဘာလုပ်တာလဲ"

သူ့နှာခေါင်းကိုလာညှစ်နေသောJung Kook
လက်ကိုပုတ်ချလိုက်ကာJiminပြောလိုက်ခြင်း
ဖြစ်သည်။

"မင်းအမှန်အတိုင်းမပြောမချင်းငါညှစ်ထား
မှာ ပြော"

"အား နာတယ် လွှတ်"

"မင်းပြောလေ"

"ပြောမယ် ပြောမယ်ကွာ လွှတ်"

Jung Kookလက်လွှတ်လိုက်တော့Jimin
အကြောင်းစုံပြောပြလိုက်လေသည်။

"မင်းကကောင်ဆိုးလေးပဲ"

"မင်းသိချင်တာသိရပြီမှတ်လား ငါသွားတော့
မယ်"

"နေဦး"

လက်ကိုလှမ်းဆွဲလိုက်တော့ရပ်တန့်သွားသော
ခြေလှမ်းများနှင့်အတူJung Kookကိုလှည့်ကြည့်
လာသောJimin

"ဘာလဲ"

"မင်းအခုဘယ်သွားမှာလဲ အိမ်ပေါ်ကဆင်းလာ
တော့သွားစရာနေရာကောရှိလို့လား ခဏနေရင်
မိုးလည်းရွာတော့မယ် မိုးတွေတောင်ခြိမ်းနေပြီ"

"သွားစရာနေရာမရှိရင် မင်းအိမ်ခေါ်ထားမလို့
လား"

"အင်း"

သူကရွဲ့ပြောလိုက်သည်ကိုJung Kookတကယ်
ထင်သွားမယ်မှန်းမသိ အခုတော့သူ့မိဘတွေဆီ
ကခွင့်တောင်းပြီးသည့်အပြင် သူ့အခန်းထဲ
တောင်ရောက်နေလေပြီ။

*************************
ကုတင်ပေါ်တွင်ငြိမ်ကုပ်စွာထိုင်နေသောကောင်
လေးခန္ဓာကိုယ်မှာကျုံ့ကျုံ့လေးနှင့်အခန်းတွင်း
ဟိုကြည့်လိုက်ဒီကြည့်လိုက်စူးစမ်းနေသည်
မှာချစ်ဖို့ကောင်းလှသည်။ ဒီလောက်ချစ်ဖို့
ကောင်းတဲ့ကလေးပေါက်စလေးဟာသူ့ထက်
နှစ်နှစ်တောင်ကြီးသည်တဲ့လား....။

"ဘာခိုးမလို့ချောင်းနေတာလဲ"

ရုတ်တရက်သူအခန်းထဲဝင်လာသောကြောင့်
လန့်သွားကာကိုယ်လေးတစ်ချက်တုန်သွား
သော်လည်းသူပြောလိုက်တဲ့စကားကိုမကျေ
နပ်ဘူးထင်ပါ့။ မျက်စောင်းတစ်ချက်ထိုးကာ
တစ်ဖက်လှည့်သွားလေသည်။

Min ခ်စ္ရတဲ့Jeon(Min ချစ်ရတဲ့Jeon) (Completed) [Zaw+ Uni]Where stories live. Discover now