Part 8

655 47 30
                                    

ဒီနေ့က Saint ကျောင်းသို့လိုက်မသွားပါ .. မနေ့ညက Mean ကျေးဇူးကြောင့် သူ့ခန္ဓာကိုယ်က နာကျင်နေတာ .. နာကျင်မှူကသူ့အတွက် မထူးဆန်းသော်လည်း ကွတတပုံနဲ့တော့ အရှက်ကွဲခံလို့မဖြစ် .. PTonnam လာပြီး သောက်ဆေးပေးသွားတော့ သူဆေးသောက်ပြီး ဇိမ်ယူနေတာ

"သား ဒီနေ့ကျောင်းမသွားဘူးလား .. Mean ရော?"

ညနေခင်း မီးဖိုထဲဝင် စားစရာရှာနေသောသူ့ကို မေမေမေးတော့

"သူခနနေရင် ပြန်ရောက်မယ် မေမေ"

"သူပြန်ရောက်ရင် သားတို့ ၂ ယောက် စာကြည့်ခန်းထဲလာခဲ့ကြအုံး"

---------------------------------

Mean နှင့် Saint စာကြည့်ခန်းထဲတွင် Saint မေမေနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေကြသည်

"Mean အန်တီစုံစမ်းခိုင်းထားတာ ဘာတွေထူးခြားလည်း"

"ဟုတ်ကဲ့ အန်တီ .. ကျတော် စုံစမ်းရသလောက်ကတော့ Trump တို့အဖွဲ့ Saint ကိုရိုက်ပြီး ထွက်ပြေးကြတာ လမ်းမှာ လူတစ်ယောက်ကို ဆိုင်ကယ်နဲ့ တိုက်မိတယ် .. ဒါပေမယ့် ဘယ်သူမှ မသိကြဘူး .. ဘာသက်သေမှလည်း မရှိဘူး .. ကျတော် စုံစမ်းခိုင်းတဲ့သူပြန်ပြောပြတာ"

Flash back

ထိုနေ့က Yacht ဖခင်အတွက် ဆေးဖိုးငွေလို၍ Trump အိမ်ရောက်နေတာ အိမ်ထဲမှာ ဘယ်သူမှ မရှိကြ .. ခြံစောင့်အဘိုးကြီးက တံခါးဖွင့်ပေးပြီး ဘယ်ပျောက်သွားတယ်မသိ

ရေဆာ၍ မီးဖိုထဲဝင် ရေသောက်နေတုန်း ဆူဆူညံညံအသံများကြောင့် သူအိမ်ရှေ့ခန်းထွက်လာစဉ်

"Trump .. ဘယ်လိုလုပ်မလည်း အဲဒီလူ သေသွားတာ သေချာတယ်"

တုန်ယင်နေသော အသံနှင့် လူသေတယ်ဆိုတော့ သူ တံခါးကြားဝင်ပုန်းလိုက်သည်

"ဟုတ်တယ် အခု ငါတို့အမှူက ၂ ခုကြီး .. Saint ကို ခေါင်းရိုက်တာရော သေလုနီးပါး .. ပြီးတော့ အဲဒီလူကို မင်းဆိုင်ကယ်နဲ့ဝင်တိုက်တာ ပွဲချင်းပြီးပဲ"

"Saint ကိစ္စက သူ့လင်ပါပါတယ် .. ပြီးတော့ မသေနိုင်ဘူး ရှပ်ထိရုံလေးတင် .. ပြဿနာက လမ်းကလူ"

အသံတွေ တိတ်သွားပြီး Trump မှ ဆက်၍

"accident ဖြစ်တဲ့နေရာမှာ CCTV မရှိဘူး ဆိုတော့ ..."

The Way You AreWhere stories live. Discover now