Part 5

603 52 17
                                    

"Saint!!!!!!"

Mean Saint ထံပြေးသွားကာ ပွေ့ထူလိုက်သည် ... Trump တို့အဖွဲ့ ဦးခေါင်းက သွေးတွေမြင်ပြီး ကြောက်လန့်တကြားထွက်ပြေးသွားကြတာ သူသတိမထားမိတော့ ... သူဘယ်လိုပင် လှုပ်နှိုးနှိုး Saint ထံမှ တုန့်ပြန်မှူမရှိ ...

သူအင်္ကျီချွတ်ကာ သွေးထွက်နည်းစေရန် Saint ခေါင်းကို စည်းပေးလိုက်ပြီး Saint ကိုယ်ကိုပွေ့ပြီး ကားမောင်းထွက်ခဲ့လိုက်သည် ... ဦးတည်ရာကတော့ သူ့ကွန်ဒိုဆီသို့  .. ကားမောင်းနေရင်း ဖုန်းနံပါတ် တစ်ခုသို့ခေါ်လိုက်တော့ချက်ချင်းဝင်သွားတာ

"ဟဲလို"

"P .. ကျတော် Mean ရယ် ... ကျတော့်သူငယ်ချင်း ခေါင်းအရိုက်ခံရလို့ ကွန်ဒိုကို အခုပဲလာခဲ့ပေးပါ!!"

"အရေးပေါ်ဆိုရင် ဆေးရုံသွားလေ Mean ရဲ့"

"ဆေးရုံသွားလို့ မရဘူး ... အခုဟာက ရန်ဖြစ်ရင်း ဖြစ်တာ ... ဆေးရုံသွားရင် အစစ်အဆေးတွေနဲ့ ချက်ချင်းကုပေးချင်မှ ပေးမှာ .. ပြီးတော့ ရန်ဖြစ်တာဆိုတော့ ဆေးရုံကဆင်းရင် ကျောင်းအထုတ်ခံရတာတွေ ရဲစခန်းရောက်တာတွေ ဖြစ်မှာစိုးလို့!!"

"ဟုတ်ပြီ ဟုတ်ပြီ အခုအကိုလာပြီ ... ၁၅ မိနစ်အတွင်းရောက်စေရမယ်"

ညပိုင်းလူရှင်းတော့ သူကားကိုအရှိန်ကုန်မောင်းလာခဲ့သည် ... သူအိမ်ရောက်တော့ အိမ်ရှေ့မှာ Tonnaaam ရောက်နေနှင့်တာ ... လက်ထဲမှာလည်း ဆေးသေတ္တာနှင့် .. သူတို့ အိမ်ထဲရောက်ပြီး ဒါဏ်ရာကို သန့်စင် ဆေးထည့် ပြီး Tonnaaam မှ

"ဒါဏ်ရာက သိပ်မနက်ဘူး ... အပေါ်ယံရှပ်ထိပြီး ပြဲသွားတာ .. ဘာမှအန္တာရယ်မဖြစ်ဘူး စိတ်မပူနဲ့ .. ၆ ချက်ချုပ်ပေးထားတယ် .. ဆေးပုံမှန်ထည့်ပေး အကိုလည်း ညတိုင်းလာကြည့်ပေးမယ်"

"ဟုတ်ကဲ့ P"

"ခေါင်းကတော့ဆေးထည့်ပြီးသွားပြီ .. သူ့ကိုယ်လုံးတွေရော ဒါဏ်ရာတွေ ရှိသေးလား စစ်ကြည့်ရအောင်"

သူ Saint အင်္ကျီ ဘောင်းဘီတို့ကိုချွတ်တော့ ဝမ်းဗိုက်တွေမှာရော ခြေသလုံးနေရာမှာရော ထိုးနှက်ထားတဲ့ ဒါဏ်ရာတွေ ... သူမရောက်ခင် ဘယ်လောက်ကြာကြာများ Saint သတ်ပုတ်နေခဲ့တာလဲ...

The Way You AreWhere stories live. Discover now