Part 7

1.1K 54 47
                                    

🚫  ၁၈ နှစ်အောက် လုံးဝ (လုံးဝ) မဖတ်ရ 🚫

ယနေ့ Saint, Mean ကားနှင့် ကျောင်းသို့လိုက်ခဲ့လိုက်သည် .. သူ့ဆိုင်ကယ်က service မှာ သွားမယူရသေး .. Mean ကားထဲမှ ထွက်တော့ ထုံးစံအတိုင်း ကောင်မလေးတွေ ဝိုင်းစောင့်နေကြပြီး Mark ကတော့ ကောင်မလေးတွေကြားထဲ ပြုံးဖြီးနေတာ

Saint ရော ကားထဲမှာ ထွက်လာတော့ ဆူပွက်နေသည့်အသံတွေ တိတ်ဆိတ်သွားပြီ ... Mean နှင့် Saint ကို ကန်တင်းမှာ တစ်ခါတစ်ခါ အတူတူထမင်းစားတာ မြင်ဖူးကြသော်လည်း Mean ရဲ့ကားမှာ Mark နှင့် engineering မေဂျာမှ ၂ ယောက်ကလွဲ၍ မည်သူမျှ မစီးဖူးကြပါ

နောက်တစ်ခုက Saint ... Saint ဆိုတာ သူတို့ မြင်နေကြ ဆံပင်အုပ်အုပ်နှင့် မဟုတ်ပဲ ရှေ့ နဖူးပေါ်မှာ ဆံစလေးတွေ ကျနေကာ ခေါင်းနောက်ပိုင်းက ကတုံးနီးပါးနှင့် သွယ်လျသောမျက်နှာချောချောက ပေါ်လွင်နေတော့တာ

Saint ကို ဝိုင်းကြည့်နေတော့ Mean မနာလိုကာ ရှေ့မှ ပိတ်ရပ်လိုက်ကာ

"ဘာကြည့်တာလည်း မမြင်ဖူးဘူးလား!"

မဟောက်စဖူး ဟောက်လိုက်တဲ့ Mean ရဲ့ ခပ်မာမာအသံကို သတိမထားမိပဲ Saint နှင့် ဆံပင်ကေတူနေတာကိုပဲ ကြည့်ပြီး တီးတိုးပြောသံတွေ ဆူညံလာတော့ Mean စိတ်မရှည်စွာ Saint လက်ဆွဲကာ အတန်းဆီသို့ လာခဲ့တော့သည် .. Mark လည်း အနောက်ကနေလိုက်ခဲ့လိုက်သည်

သူတို့အတန်းထဲရောက်တော့ ထူးခြားသော ဆံပင်နှင့် သူတို့ ၂ ယောက်, Saint ရဲ့ မျက်နှာချောချောကို ငေးကြည့်ကြသည်မှ လွဲ၍ ကြွက်စိကြွက်စိသံတွေထွက်မလာပါ .. IC ကျောင်းသားအားလုံးနီးပါးက ကိုယ်နှင့် မဆိုင်လျှင် စိတ်မဝင်စားတက်ကြသော အချေတစ်လိုင်းမဟုတ်ပါလား

"Saint ဘာစားမလည်း?"

"အင်း .. ကြာစံကြော် .. ပေါက်စီ , ဝက်သားသုပ်တုံယမ်းဟင်းရည်, ကန်စွန်းရွက်ပလိန်း, ကြက်သားပေါင်း, ငါးဖယ်ကြော်, အာလူးကတ်တလိပ်, ဆာတေး, ဒင်းဆန်း"

Saint စကားအဆုံး Mark, Perth, Gun တို့ ပါးစပ်အဟောင်းသားတွေဖြစ်သွားကာ Mean ကတော့ သက်ပျင်းချလိုက်သည် ... Saint ညစ်ပြီ

The Way You AreWhere stories live. Discover now