Part 9

506 44 17
                                    

March ဧည့်ခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေတာ .. သူ ဂနာမငြိမ်တာ ၂ ရက်ရှိနေပြီ .. Mean နဲ့ပြဿနာတက်တဲ့နေ့ကတည်းက သူစိတ်တွေ ပုံမှန်မဟုတ် ... သားလေးတစ်ယောက်ရှိလို့ မျိုးဆက်လေးများ ကျန်မလားမှတ်တယ် .. သိပ်ချစ်တဲ့ သားကို မစွန့်လွှတ်နိုင်သော်လည်း သားကတော့ သူကို စွန့်လွှတ်ရန် အရန်သင့်ဖြစ်နေပြီလား .. သူဘာလုပ်ရမလည်း

ခင်ပွန်းသည်ကို ကြည့်ပြီး သူစိတ်ပြေလောက်ပြီဟုတွေးကာ Dao အနားကပ်သွားပြီး

"နင် သားကိုပြောလိုက်တာ နည်းနည်းလွန်တယ်လို့ မထင်ဘူးလား?"

March သူမ စကားကြောင့်တွေခနဲ ဖြစ်သွားသည်

"နင်တို့ ငါတို့က ချစ်တဲ့ သူတွေနဲ့ မပေါင်းဖက်ခဲ့ရဘူးလေ .. ငါတို့သားကို ငါတို့လို့ မဖြစ်စေချင်ဘူး"

"ဒါပေမယ့် ငါတို့အခု ချစ်နေတာပဲလေ" March အထွန့်တက်လိုက်တော့

"ဟုတ်တယ် ဒါပေမယ့် ငါတို့ရဲ့ အချစ်က လုပ်ယူထားတဲ့အချစ် သားကို အရင်းခံပြီး ဖြစ်တည်လာတဲ့ အချစ် .. နှလုံးသားက သူ့အလိုလို ပေါက်ဖွားလာတဲ့ အချစ်မျိုး မဟုတ်ဘူး .. နင်နားလည်မှာပါ"

သူမရဲ့ စကားကြောင့် သူတွေဝေသွားသည် .. Dao အသံနိမ့်နိမ့်နှင့်

"ပြီးတော့ နင့်ကို ငါတောင်းပန်ပါတယ်ဟာ .. ဒါတွေက ငါ့ကြောင့်ဖြစ်လာတာ .. ငါသာ ဒီလိုမဟုတ်ခဲ့ရင် သားလည်း ဒီလိုဖြစ်မှာ မဟုတ်ဘူး..."

March သူမရဲ့ စကားကြောင့် ပြာပြာသလဲနှင့်

"ဟာ မဟုတ်ပါဘူး .. နင့်ကြောင့်မဟုတ်ပါဘူး .. ဒါတွေက ပြောင်းလဲလို့ ရတဲ့အရာတွေ မဟုတ်ဘူး .. ဆောရီးဟာ ငါ .. ငါ အရမ်းအတ္တတွေ ကြီးမိသွားတယ် .. ဆောရီး.."

သူအသံတွေ တိမ်မြှုပ်သွားသည် .. ဘာကြောင့် ဒီအတိတ်ကို သူမေ့နေခဲ့တာလည်း .. ဇနီးသည်ရဲ့ အားနည်းချက်ကို လျစ်လျှူရှုခဲ့မိတာလည်း .. သူမရဲ့ ခံစားချက်တွေကို သူကြိုသိနားလည် သင့်သည်လေ

သူ သူမကို ဖေးမအားပေးလိုက်ရင်း

"ငါ တောင်းပန်ပါတယ်ဟာ .. ငါ သားကို လက်ခံနိုင်ဖို့ ကြိုးစားပါ့မယ် .. ငါ့ကို ရက်နည်းနည်းလောက်ပဲပေးပါ"

The Way You AreWhere stories live. Discover now