Zawgyi
=>Plan<=
မနက်ခင်းရဲ့နွေးထွေးတဲ့နေရောင်အောက်မှာအကျီင်္အဖြူ စတိုင်ပန်အနက်နဲ့ကောင်လေးတစ်ယောက် ကျောင်းလမ်းမတစ်လျောက်အေးအေးဆေးဆေးလမ်းလျောက်လာပါတယ်။
နားကြပ်လေးတပ်ကာတည်တည်ငြိမ်ငြိမ်လေးသွားနေတဲ့သူ့ကို နောက်ကနေရုတ်တရပ်လှမ်းပုတ်ခံလိုက်ရတယ်။ကြည့်လိုက်တော့ perth ဖြစ်နေလေသည်။perth: "ဟေ့ Plan....ဒီနေ့မင်းစောသားပဲ"
Plan: "ဒီနေ့မနက်ပိုင်း praticalချိန်ရှိလို့ကွ။အိပ်ရေးတောင်မဝလိုက်ဘူး"
Perth.Plan:"ဟ"
သူတို့ဘေးကနေ ဝှီးကနဲနေအောင် အသေအကျေနင်းသွားသောပြိုင်ဘီးကြောင့် နှစ်ယောက်သားလန့်သွားလေသည်။
Mean: "sorryဗျို့ နောက်ကျနေလို့ပါ"
စက်ဘီးပေါ်ကနေ နောက်လှည့်ပြုံးပြပြီး လှမ်းတောင်းပန်ကာဆက်နင်းသွားတဲ့ကောင်လေး၁ယောက်။
Plan: "ငါလည်းမမြင်ဘူးပါလား ဘယ်majorကပါလိမ့်"
Perth: "ဘယ်မြင်ဘူးမလဲကွ...မင်းတို့ကအခန်းထဲကမှမထွက်တာ။အဲ့တာfirst year Journalismကကွ။Meanဆိုတဲ့ကောင်လေး။ငါတို့ထက်၁နှစ်ငယ်တယ်...#$%&@..."
Perthက sprot majorဆိုတော့ကျောင်းမှာသူမသိတဲ့သူမရှိသလို majorစုံအားကစားပွဲတွေရှိရင်လည်း ကြီးကြပ်ပေးရသူမို့ သူ့ကိုမသိသူလည်းမရှိပေ။
Planကတော့ food majorတက်နေတဲ့second yearကျောင်းသားတစ်ယောက်ပါ။
အစားကောင်းကြိုက်တတ်တဲ့Planအတွက်တော့ အရသာရှိအောင်ချက်ပြုတ်ခြင်းနဲ့ ဟင်းလျာအသစ်တွေဖန်တီးဖို့ကသာ သူ့အိမ်မက်ဖြစ်သည်။
အေးဆေးတည်ငြိမ်ပြီး ကြင်နာတတ်တဲ့ planမှာjournalismမှာလွဲလို့ majorစုံကသူငယ်ချင်းတွေလည်းများလှသည်။journalism majorကတော့ ယောကျာ်လေးတွေများသလို လူပြောင်လူနောက်တွေများသည်။cameraလွယ်ကာ သတင်းတွေစုံစမ်းဖို့ အမြဲတက်ကြွနေတတ်သော journalismမှလူငယ်လေးများသည် အမြဲတမ်းစားဖိုချောင်မှာ ဟင်းလျာမျိုးစုံဖန်တီးနေတတ်သော food majorနဲ့ဘယ်လိုမှ မတည့်ကြတာပင်။
စာသင်ဆောင်ချင်းကပ်ချက်ရှိသော်လည်း မိန်းခလေးများမှလွဲ၍ ယောကျာ်းလေးများမှာ food majorဘက်ခြေဦးမလှည့်သလို foodကယောကျားလေးများကိုတွေ့လျင်လည်း အိမ်ရှင်မများဟုအရင်ဦးအောင်လှောင်ကြလေသည်။
YOU ARE READING
ချစ်ခြင်းဖြင့်ဖန်တီးသော (meanplan) (U+Z)
RomanceLbcထဲက Tin can char မဟုတ်ပဲ အပြင်က mean plan char နဲ့ေရးထားတာပါ။ 💚 တည်ငြိမ် ပြီး အစားအသောက်တွေဖန်တီးရတာနှစ်သက်တဲ့ food majorမှ P Planနဲ့ 💙 အမြဲတက်တက်ကြွကြွ ပေါ့ပါးနေတတ်တဲ့ journalism က Nong MMean ရယ် သူတို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာတွေအကြောင်...