P5

1.1K 120 2
                                    

Zawgyi

=>Mean<=

ဒီ​နေ့က​ကျောင်းအားကစားပွဲ​နေ့
uni football club မှာပါ​သော်​လည်း major king​တွေက အလံကိုင်​ရမယ်​ဆို​တော့ ​ဘောလုံးမကန်​ရ​တော့လို့စိတ်​ညစ်​​နေသည်​။
Saintနဲ့အ​ဖော်​ရမလား​အောက်​​မေ့တယ်​။ P Perthနဲ့အဖွဲ့ကျ​နေသည်​​လေ။😏
ပွဲအတွက်​ လိုအပ်​တဲ့အလံဘာညာ​ ​ကျောင်းသား​ရေးရာမှထုတ်​လာကာ ​ဘောလုံးကွင်းဘက်​ထွက်​လာခဲ့သည်​။
သူတို့ majorဆီ​ရောက်​​တော့

Journal group: "အိမ်​ရှင်​မ​တွေ ​ဘောလုံးထွက်​ကန်​ကြ​တော့မယ်​ကွ။ဒီ​နေ့လည်း ဘယ်​နှစ်​ဂိုးအသွင်းခံရအုံးမလဲမသိဘူး။ဟား ဟား"

သူတို့​တွေ ဘယ်​သူ​တွေကိုကြိတ်​ရယ်​​နေတာလဲလို့ လှည့်​အကြည့်

Mean: "ဟင်​...P"

ဟိုတစ်​​နေ့ကသူ​ဈေးမှာ​တွေ့ခဲ့တဲ့ အထုတ်​​တွေအများကြီးဆွဲပြီး သူ့ကိုဆူသွားတဲ့ P.....!!
သေချာ​အောင်​ ပြူးပြဲကြည့်​ပြီး

Mean: "Pတို့ အဲ့တာဘယ်​majorကလဲ။ ပြီး​​တော့ အလံကိုင်​တဲ့​သူရဲ့​နောက်​က၁​ယောက်​ကို​ရောသိလား။နာမည်​​ရော ဘယ်​လို​ခေါ်လဲ"

Journal group: "အဲ့တာ food majorက​လေ။မင်း​မေးတဲ့တစ်​​ယောက်​က Plan။ သူက​တော့ ​ပေါင်းသင်းဆက်​ဆံ​ရေးမဆိုးဘူးကွ။ ကျန်​တဲ့​ကောင်​​တွေနဲ့ငါတို့ majorနဲ့မတည့်​ဘူးကွ။မတည့်​ဆို #$%&#&$ "

ဆက်​​ပြောတဲ့စကား​တွေ Meanမကြားပါ။သူ့စိတ်​ထဲမှ အ​တွေးယာဉ်​​ကြော​တွင်​ ​မြောပါသွား​လေသည်​။

Mean: "အဲ့တာဆို ​ဈေးမှာ​တွေ့ထဲကPကငါ့ကိုသိ​နေတာ​ပေါ့။ အဲ့တာ​ကြောင့်​ အသက်​မသိ​သေးပဲ Pလို့စ​ခေါ်တာကိုဘာမှမ​ပြောတာပဲ။ ပြီး​တော့ majorချင်းကလည်း မတည့်​ကြ​တော့ အဲ့တာ​ကြောင့်​များ ငါကိုအစထဲက စကားမ​ပြောချင်​တာလားမသိဘူး။"

Journal group: "Mean!! Mean!! ဘာ​တွေ ငိုင်​​နေတာလဲ ဟိုမှာ​ခေါ်​နေပြီ သွားကြမယ်​ "

Mean: "ဟုတ်​ P"

သူတို့အဖွဲ့ကွင်းထဲ​ရောက်​​တော့ Food majorနဲ့​ဘေးချင်းကပ်​လျက်​​နေရသည်​။ သူ့လှမ်းကြည့်​ပြီး ပြုံးပြ အား​ပေးစကား​လှမ်း​ပြောတာ​တောင်​ လှည့်​မကြည့်​​သောPသည်​ သူကို့တကယ်​အဖတ်​မလုပ်​ချင်​ဘူးဆိုတာပို​သေချာသွား​လေသည်​။😞

ချစ်ခြင်းဖြင့်ဖန်တီးသော (meanplan) (U+Z)Where stories live. Discover now